သင့်ရဲ့ကားကို အင်ဂျင်ဝိုင် ထည့်ဖြစ်ရဲ့လား❓❓
🛑သင့်ရဲ့ကားကို အင်ဂျင်ဝိုင် ထည့်ဖြစ်ရဲ့လား❓❓ လူကြီးမင်းတို့ရဲ့ ကားတွေကို ကောင်းကောင်းမောင်းနှင်ဖို့အတွက် အင်ဂျင်တစ်လုံး ကောင်းကောင်းလည်ပတ်ဖို့က အဓိကအချက်ထဲမှာ ပါဝင်ပါတယ်။❕ Engine oil(အင်ဂျင်ဝိုင် ခေါ် စက်ချောဆီ) တွေက အင်ဂျင်ရဲ့ အတွင်းအစိတ်အပိုင်းများကို ချောချောမွေ့မွေ့ အေးမြစွာ လည်ပတ်စေပါတယ်။ ဒါ့အပြင် အင်ဂျင်ကို အနာတရ ဖြစ်လာစေတတ်တဲ့ အတွင်းပိုင်းပွတ်တိုက်မှုကိုလည်း လျှော့ချပေးပါတယ်။ အချိန်ကြာလာတဲ့နဲ့အမျှ အနည်တွေနဲ့ အခြားသော အညစ်အကြေးတွေက အင်ဂျင်ထဲမှာ စုပြုံလာကြပြီး အင်ဂျင်ကို ကောင်းကောင်းမလည်ပတ်စေတော့ဘဲ တဖြည်းဖြည်းနဲ့ အင်ဂျင်လဲရလောက်တဲ့အထိ ထိခိုက်မှုတို့ ဖြစ်ပေါ်စေလာတာကြောင့် အင်ဂျင်ဝိုင်မှန်မှန်လဲပေးဖို့ လိုအပ်ပါတယ်။✔ အင်ဂျင်ဝိုင်မှန်မှန်လဲပေးခြင်းအားဖြင့်🔰 ✅အင်ဂျင်သက်တမ်းကို ပိုမိုကြာရှည်ခံစေပါတယ်။ ✅အင်ဂျင်ကို သေချာလည်ပတ်စေပါတယ်။ ✅ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနဲ့ လောင်စာဆီကုန်ဆုံးမှုကိုလည်း လျှော့ချပေးပါတယ်။ 🟡ကားအမျိုးမျိုး၊ […]
Engine Oil ( အင်ဂျင်ဝိုင်) ၏ အရေးပါပုံ
“Engine Oil ( အင်ဂျင်ဝိုင်) ၏ အရေးပါပုံ” ကားတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ အင်ဂျင်ဝိုင်ဟာ အင်ဂျင်တစ်လုံး ကောင်းမွန်စွာ ကြာကြာခံဖို့အတွက် အရေးကြီးကဏ္ဍများစွာက ပါဝင်ပါတယ်။ အဲ့ဒါတွေကတော့🔰 ✅စက်ချောဆီဖြစ်တဲ့အလျောက် စက်ကို ချောမွေ့စွာ လည်ပတ်စေပါတယ်။ ✅သံချေးတက်ခြင်းနဲ့ တိုက်စားခြင်းမှ ကာကွယ်ပေးပါတယ်။ ✅အစိတ်အပိုင်းအချင်းချင်း ပွတ်တိုက်မှုများကို လျော့ကျစေတယ်။ ✅ဆီကကျလာတဲ့ အနည်တွေနဲ့ အခြားအညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်။ ✅အင်ဂျင်အပေါ်ပိုင်းနဲ့ လည်ပတ်နေတဲ့အပိုင်းတွေကို အပူလျှော့ချပေးပါတယ်။ ✅Piston နဲ့ ဆလင်ဒါကြားမှာ ရှိတဲ့နေရာလွတ်ကိုလည်း ဖြည့်ဆည်းပေးခြင်းဖြင့် စွမ်းအင်ကုန်ကျမှု လျှော့ချပေးပြီး အင်ဂျင်ကို ကြာရှည်ပိုခံစေပါတယ်။ ⚠️ဒါပေမဲ့လည်း အင်ဂျင်ဝိုင်ရဲ့ အသုံးဝင်ချက်တွေဟာ များတာကြောင့် ပိုများလေ ပိုကောင်းလေဆိုပြီး စိတ်တိုင်းကျ ထည့်လို့လည်း မရပါဘူး။ […]