- January 13, 2022
- World Wide Myanmar
- 0 Comments
- 1772 Views
- 1 Likes
- NEWS & EVENTS
Engine Oil ( အင်ဂျင်ဝိုင်) ၏ အရေးပါပုံ
“Engine Oil ( အင်ဂျင်ဝိုင်) ၏ အရေးပါပုံ”
ကားတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ အင်ဂျင်ဝိုင်ဟာ အင်ဂျင်တစ်လုံး ကောင်းမွန်စွာ ကြာကြာခံဖို့အတွက် အရေးကြီးကဏ္ဍများစွာက ပါဝင်ပါတယ်။
အဲ့ဒါတွေကတော့🔰
✅စက်ချောဆီဖြစ်တဲ့အလျောက် စက်ကို ချောမွေ့စွာ လည်ပတ်စေပါတယ်။
✅သံချေးတက်ခြင်းနဲ့ တိုက်စားခြင်းမှ ကာကွယ်ပေးပါတယ်။
✅အစိတ်အပိုင်းအချင်းချင်း ပွတ်တိုက်မှုများကို လျော့ကျစေတယ်။
✅ဆီကကျလာတဲ့ အနည်တွေနဲ့ အခြားအညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်။
✅အင်ဂျင်အပေါ်ပိုင်းနဲ့ လည်ပတ်နေတဲ့အပိုင်းတွေကို အပူလျှော့ချပေးပါတယ်။
✅Piston နဲ့ ဆလင်ဒါကြားမှာ ရှိတဲ့နေရာလွတ်ကိုလည်း ဖြည့်ဆည်းပေးခြင်းဖြင့် စွမ်းအင်ကုန်ကျမှု လျှော့ချပေးပြီး အင်ဂျင်ကို ကြာရှည်ပိုခံစေပါတယ်။
⚠️ဒါပေမဲ့လည်း
အင်ဂျင်ဝိုင်ရဲ့ အသုံးဝင်ချက်တွေဟာ များတာကြောင့် ပိုများလေ ပိုကောင်းလေဆိုပြီး စိတ်တိုင်းကျ ထည့်လို့လည်း မရပါဘူး။
“တန်ဆေး၊ လွန်ဘေး” ဆိုတဲ့အတိုင်း Max level အထိ ထည့်ခြင်းက အင်ဂျင်ကို အကြီးစားထိခိုက်မှု ဖြစ်သွားစေနိုင်ပါတယ်။
မိမိရဲ့ ကားပေါ်၊ အင်ဂျင်ပေါ် မူတည်ပြီး ပမာဏအမျိုးမျိုး ကွာခြားပါတယ်။
🚚ကျွန်တော်တို့ Forland Dump Truck ကားတွေပေါ် မူတည်ပြီး ထည့်ရမဲ့ အင်ဂျင်ဝိုင်ပမာဏတွေကတော့🔰
◽️5T(490) ◾️ 7 Liters
◽️7T(4100) ◾️ 8 Liters
◽️8T(4102) ◾️ 8 Liters
◽️10T(4108) ◾️ 13 Liters
◽️12T(4108) ◾️ 13 Liters
◽️13T(6105) ◾️ 18 Liters
တို့ပဲ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့အားလုံး အင်ဂျင်ဝိုင်ရဲ့ အရေးပါပုံတွေကို ဝေမျှပေးနိုင်ခဲ့ပြီလို့ မျှော်လင့်ပါတယ်ဗျ။🤗
လူကြီးမင်းတို့အားလုံး ယာဉ်အန္တရာယ်ကင်းဝေး ဘေးရှင်းကြပါစေ🙏🙏
မြန်မာထူးစံကုမ္ပဏီရဲ့ မိတ်ဟောင်းမိတ်သစ် Customer ကြီးများလည်း ယခုဖြစ်ပေါ်နေသောရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏
Myanmar Htoo San Co.,Ltd
Service – 09453510701 , 09453510702, 09453510703