စက်သံနားထောင် စက်ပြသာနာရှာ
◾️စက်သံနားထောင် စက်ပြသာနာရှာ
▪️လမ်းမှာ ကားရှေ့ဖုံးအောက် အင်ဂျင်ကနေ ရုတ်တရက်ဘာသံတွေထွက်လာမှန်းမသိလို့ ကြောက်ကြောက်လန့်လန့်နဲ့ ထိုးရပ်ရဖူးလား❓
▪️ကားစက်က အသံတွေမျိုးစုံထွက်လို့ ခေါင်းကိုက်နေရပြီလား❓
▪️အသံတစ်ခါထွက်တိုင်း ဝပ်ရှော့ပို့၊ ပြင်ဆရာခေါ်နေရလို့ စိတ်ညစ်နေပြီလား❓
အဲ့လိုပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ် သို့ ရင်ဆိုင်ခဲ့ဖူးတယ်ဆိုရင်တော့ ဒီစာက လူကြီးမင်းတို့ ဖတ်ဖို့အသင့်တော်ဆုံးပါပဲ။🎯
ကျွန်တော်တို့တွေအနေနဲ့ ကားမောင်းတဲ့အခါ စက်သံလေးညက်ပြီး ငြိမ့်ငြိမ့်လေး မောင်းရတာကို ပိုသဘောကျတတ်ကြပါတယ်။
ပြဿနာမရှိတဲ့ကားဖြစ်မှလည်း စိတ်တိုင်းကျ မောင်းနှင်လို့ကောင်းတာကိုး။
ဒါပေမဲ့ မိမိကားဆီက အသံတွေ တစ်မျိုးပြီးတစ်မျိုး ထွက်လာတဲ့အခါတော့ မောင်းရတာ ဘဝင်ကျစရာမကောင်းတော့ပါဘူး။
တချို့စိုးရိမ်တတ်တဲ့သူတွေဆို ဘာသံထွက်ထွက် အသက်အန္တရာယ်များရှိနိုင်မလား ဆိုပြီး တွေးပူတတ်ကြပါတယ်။
တကယ်တော့လည်း မိမိကားဆီက အသံတစ်ခုခုထွက်လာတယ်ဆိုတာ သူရဲ့ လုပ်ဆောင်ချက်တစ်ခုခု မူမမှန်တော့တာကို အသိပေးတာပါပဲ။
အဖြစ်များဆုံးပြဿနာကတော့ အင်ဂျင်ကအသံတွေပါပဲ။
အနာသိမှ ဆေးရှိသလို ဘာကြောင့်ဖြစ်တတ်တာလဲဆိုတာတွေ သိထားတော့ ပိုအဆင်ပြေတာမို့ ဒီနေ့တော့ စက်သံကနေ စက်ပြဿနာကို သိနိုင်မဲ့နည်းလမ်းလေးတွေ မျှဝေပေးသွားပါမယ်။
▫️Valve Train Noise
Hydraulic lifter တွေ ကပ်နေတာမျိုး၊ ပျက်စီးနေတာမျိုးကြောင့် ဖြစ်ပေါ်လာပါတယ်။
Hydraulic lifter ကို ပျက်စီးစေနိုင်တဲ့ ဆီဖိအားနည်းတဲ့ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
▫️Timing chain(ချိန်းကြိုးသံ)
ချိန်းကြိုးတွေဟာ ပြေလျော့လာတဲ့အခါလည်း အသံထွက်လာနိုင်ပါတယ်။
▫️.Rattling sound(ကျလိကျလိသံ)
ကားကိုအရှိန်တင်တဲ့အခါမျိုးမှ ကြားဖူးလောက်ကြမှာပါ။
Piston ရဲ့ ဖိအားကြောင့် ဖြစ်ပေါ်လာတဲ့အပူကြောင့် အင်ဂျင်ဆလင်ဒါထဲက air mixture သို့ fuel mixture ဟာ မီးညှိခံလိုက်ရတဲ့အခါ ထွက်ပေါ်လာပါတယ်။
▫️Connecting Rod Noise (ချိတ်ဆက်ဂွသံ)
ဆီဖိအားနည်းတဲ့အခါ bearကို ချောမွေ့မှုမရှိတော့စေတာကြောင့် bearing နဲ့ crankshaft မျက်နှာပြင်တွေပွတ်တိုက်ရာက ထွက်ပေါ်လာပါတယ်။
ဆီမှန်မှန်မလဲပေးတာမျိုးကြောင့်လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။
▫️Crankshaft bearing noise(shaftတိုင်ဘဲရင်သံ)
ဒါကလည်း ဆီဖိအားနည်းတာကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး bearing surfaces တွေထိခိုက်ရာက crankshaft တစ်ခုလုံးပါ ထိခိုက်လာပါတယ်။
ဒီအသံကြားရပြီဆိုရင်တော့ ဆီခံခွက်ကို ဖယ်ရှားပေးပြီး crankshaft bearing တွေကို ပြန်စစ်ဆေးဖို့ လိုအပ်ပါတယ်။
ဒီအသံကြားနေလျက်နဲ့ ဆက်မောင်းနေရင်တော့ အင်ဂျင်လဲဖို့ကုန်ကျစရိတ်ပါ ကြိုပြင်ထားသင့်ပါတယ်။😁
ဒါတွေကတော့ အင်ဂျင်ကအသံဖြစ်ပေါ်လာနိုင်တဲ့အကြောင်းအရင်းအများစုဖြစ်ပြီး ကားအရှိန်တင်တဲ့အခါမှာ အသံဆူဆူညံညံတွေ ခပ်ကျယ်ကျယ်ထွက်လာပြီဆိုရင်တော့ အိပ်ဇောစနစ်တွေချို့ယွင်းတာတွေ၊ သားရေခါးပတ်ကြိုးတွေ ပျက်စီးနေတာ၊ ပြတ်နေတာမျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
လူကြီးမင်းတို့အနေနဲ့ မိမိကားဆီက စက်သံတွေထွက်လာတဲ့အခါ အစောကတည်းက သေချာအဖြေရှာပြီး ပြင်ထားသင့်ပါတယ်ဗျ။
အသံတွေထွက်နေလျက်နဲ့ ဂရုမစိုက်တဲ့အခါ အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ပေါက်ရသလို ကုန်ကျစရိတ်တွေကလည်း မနည်းလှပါဘူး။😓
လူကြီးမင်းတို့အနေနဲ့ ယာဉ်အန္တရာယ်၊အသက်အန္တရာယ်ကင်းဝေးဖို့အတွက် မမောင်းနှင်ခင်တိုင်းမှာ ကားကျန်းမာရေးကို မှန်မှန်စစ်ဆေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ ကားအတွက်လ်ိုအပ်တဲ့ အပိုပစ္စည်းတွေကိုလည်း ပုံမှန်လဲလှယ်ပေးဖို့လိုပါတယ်။ Forland ကားမျိုးစုံအတွက် အပိုပစ္စည်းတွေလ်ိုအပ်ရင်လည်း Forland Motors မှာ မှာယူနိုင်ပါတယ်။
Forland Motors ရဲ့ မိတ်ဟောင်း၊ မိတ်သစ် customer များအားလုံး ယခုဖြစ်ပေါ်နေသော ကပ်ရောဂါတွေဘေးမှ ကင်းဝေးကြပါစေ။🙏
Forland Motors
Spare Hotline : 09-453510664 / 09-453510667