အင်ဂျင်မကျစေမဲ့ နည်းလမ်းကောင်းများ
◾️အင်ဂျင်မကျစေမဲ့ နည်းလမ်းကောင်းများ
ကျွန်တော်တို့ မြန်မာထူးစံကုမ္ပဏီမှ လူကြီးမင်းတို့အတွက် အကြိုအပို့ကစလို့ အိမ်စီးအထိ သက်တောင့်သက်သာ အသုံးပြုနိုင်တဲ့ နေရာမျိုးစုံသုံး Light Truck တွေကို ရောင်းချပေးလျက် ရှိသလို
မိမိတို့ရဲ့ကားများ ကြံ့ခိုင်ဖို့အတွက် ထိန်းသိမ်းဖို့ သိသင့်၊သိအပ်တဲ့ဗဟုသုတများပါ ဝေမျှပေးလျက်ရှိပါတယ်။😊
ဒီနေ့မှာတော့ ကားတစ်စီးရဲ့ ဦးနှောက် လို့တင်စားခေါ်ဝေါ်လို့ရတဲ့ အင်ဂျင်တွေကို ဂရုစိုက်၊ထိန်းသိမ်းနိုင်မဲ့ အချက်လေးတွေကို မျှဝေပေးသွားပါမှာဗျ။
🔸ဖစ်တာ(filter)များကို မှန်မှန်စစ်ပေးပါ။
လူတွေ ပင်ပန်းလာတဲ့အခါ အသက်ဝဝရှုချင်သလိုမျိုး ကားအင်ဂျင်တွေကလည်း လေဝင်၊လေထွက်ကောင်းကောင်း လိုပါတယ်။
Air filterက ကောင်းကောင်းအလုပ်လုပ်မှသာ ကားအင်ဂျင် သေချာအလုပ်လုပ်နိုင်ဖို့ အသက်ဝဝ ရှုလို့ရမှာပဲ ဖြစ်ပါတယ်။
🔸အင်ဂျင်ရည်တွေကို မှန်မှန်လဲပေး၊ ဖြည့်ပေးပါ။
Coolant တို့၊ အင်ဂျင်ဝိုင်တို့ကို သင့်တင့်မှန်ကန်တဲ့အနေအထားမှာ အမြဲရှိစေခြင်းဖြင့် ပိုမိုချောမွေ့လွယ်ကူစွာ လုပ်ဆောင်စေနိုင်ပါတယ်။
🔸Timing belts၊ Spark plug တွေကို လဲလှယ်ပေးပါ။
နှစ်ခုလုံးက ရေရှည်ခံပေမဲ့လည်း ပျက်စီးသလိုဖြစ်လာတဲ့အခါ လဲလှယ်ပေးဖို့ လိုပါတယ်။
Timing belt ပျက်စီးခြင်း၊ spark plug ကောင်းကောင်း အလုပ်မလုပ်ခြင်းတို့က ရေရှည်မှာ အင်ဂျင်ရဲ့ လုပ်ဆောင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။
🔸Reserve Fuel ကို ခဏခဏသုံးခြင်း ရှောင်ကြဉ်ပါ။
🔸ယိုစိမ့်မှု ရှိ၊မရှိ စစ်ဆေးပါ။
🔸မိမိကားကို ညှာညှာတာတာမောင်းပါ။
Acceleration မြင့်မြင့်နဲ့ ပုံသေမောင်းနေတာမျိုး၊ ခဏခဏ ဘရိတ်ဆောင့်အုပ်တာမျိုးတွေက အင်ဂျင်ကို ဒဏ်ဖြစ်စေပါတယ်။
မောင်းနှင်နေတဲ့အမြန်နှုန်းအတွက် မှန်ကန်တဲ့ဂီယာ ပြန်ပြန်ချိန်းဖို့လည်း မေ့လို့မရပါဘူး။
တတ်နိုင်သလောက် သက်သက်ညှာညှာ မောင်းနှင်ခြင်းကတော့ အကောင်းဆုံးပါပဲ။
ဒီလောက်ဆိုရင်တော့ အင်ဂျင်ကို သေချာဂရုစိုက်ဖို့ နည်းလမ်းလေးတွေ သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။
အင်ဂျင်ကိုသာမကဘဲ တခြားကားအစိတ်အပိုင်းတွေအကုန်လုံးအတွက် ကားကျန်းမာကြံ့ခိုင်မှုကိုတော့ မှန်မှန်စစ်ဆေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။
ကျွန်တော်တို့ Forland Motorsမှ လူကြီးမင်းတို့အတွက် အကြမ်းခံပြီး နေရာစုံအသုံးဝင်တဲ့ လုပ်ငန်းသုံး Truck တွေကို ကိုယ်စားလှယ်ဆိုင်ခွဲပေါင်းများစွာနဲ့ မြန်မာပြည်အနှံ့အပြားမှာ ရောင်းချပေးလျက် ရှိပါတယ်ဗျ။
မြန်မာထူးစံကုမ္ပဏီ ရဲ့ မိတ်ဟောင်းမိတ်သစ် Customer ကြီးများလည်း ယခုဖြစ်ပေါ်နေသောရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏
Myanmar Htoo San Co.,Ltd
( HOTLINE )
Yangon Head Office:
Sale – 09448005151 / 09448005353 / 09448005757
Spare – 09453510664 / 09453510667
Service – 09453510701 / 09453510702
Mandalay Head Office:
095112488/
09765112488