အချက်ပြမီးကို ဘယ်လိုသုံးမလဲ?
🔰အချက်ပြမီးကို ဘယ်လိုသုံးမလဲ❓
မော်တော်ယာဥ်တွေက ကျွန်တော်တို့ကို လိုရာခရီးပို့ဆောင်ပေးနိုင်တဲ့ မိတ်ဆွေကောင်းတွေ ဖြစ်နေသလို တစ်ချိန်ထဲမှာလည်း တစ်ချက်ကလေးလွဲမှားသွားတဲ့အခါ ထိခိုက်အန္တရာယ်၊ ငွေကြေးအကုန်အကျကနေ နရသိမ်ရဲ့သံတိုင်တွေနောက်နဲ့ အပြန်လမ်းမရှိတဲ့မရဏတံခါးဝအထိလည်း အရောက်ပို့ပေးနိုင်ပါတယ်ဗျ။😬
မလိုလားအပ်တဲ့ ထိခိုက်မှုတွေမဖြစ်ဖို့အတွက် ကားမောင်းသူအချင်းချင်း နားလည်မှုမလွဲအောင် ကူညီပေးနိုင်တဲ့ အချက်ပြမီးတွေကို ဘယ်အချိန်မှာ ဘယ်လိုမှန်မှန်ကန်ကန်သုံးသင့်လဲဆိုတာတော့ လူကြီးမင်းတို့ကို ပြန်လည်အမှတ်ရစေဖို့ သတိလေးပေးပါရစေဗျို့။🤗
◾️Low beam headlight(ကားရှေ့မီးကြီး)
နေဝင်/နေထွက်ချိန်တွေနဲ့ ညဘက်တွေလို ကောင်းစွာမမြင်ရတဲ့အချိန်မှာ မဖြစ်မနေလိုအပ်တဲ့ ဒီအချက်ပြမီးကတော့ မိုးအရမ်းသည်းနေတာ၊ နှင်းတွေကျနေတာ၊ မြူတွေဆိုင်းနေတာတို့လို ရာသီဥတုမကောင်းတဲ့အခါမျိုးမှာဆို နေ့ဘက်တွေမှာလည်း အသုံးပြုနိင်ပါတယ်။
မိမိရှေ့ကအရာကို ကွဲကွဲပြားပြားမြင်နေအောင် အပြည့်အဝကူညီပေးမဲ့ signal light ပါပဲ။
◾️Turn signal, indicator (ကွေ့မီး)
နာမည်အတိုင်းပဲ ကွေ့တဲ့အခါမှာ မဖြစ်မနေ သုံးပေးဖို့လိုပါတယ်ဗျ။ ဘယ်၊ညာကွေ့တာတွေ၊ လမ်းကြောပြောင်းတာတွေ၊ လမ်းဘေးချရပ်မှာတွေ မလုပ်ခင်အချက်ပြပေးခြင်းက နောက်မှပါလာတဲ့ယာဉ်တွေကို အသိပေး၊ ကူညီရာရောက်သလို မိမိ bumper ကို ကာကွယ်ပြီးသားလည်းဖြစ်ပါတယ်။
◾️Brake light (ဘရိတ်မီး)
ကားရပ်ခါနီး ဘရိတ်အုပ်တော့မယ်ဆိုရင် မဖြစ်မနေသုံးရပါမယ်။ နောက်ကားပါလာလျက်နဲ့ အချက်မပေးဘဲထိုးရပ်လိုက်တဲ့အခါ အခန့်မသင့်ရင် အချိန်တွေ၊ ငွေတွေ၊ အင်အားတွေကို ဖြုန်းတီးမိလိုက်နိုင်ပါတယ်။
◾️Hazard light (အရေးပေါ်မီး)
အရာအားလုံးဟာ ပျက်စီးတတ်တဲ့သဘောတရားရှိတာမလို့ မောင်းနေရင်း မိမိကားအစိတ်အပိုင်းတစ်ခုခု ချို့ယွင်းသွားလို့ ဆက်မသွားသင့်တော့တဲ့အခါ အရေးပေါ်မီးလေးပြပြီးတော့ ရပ်စေချင်ပါတယ်။
သို့မှသာ နောက်ကားတွေရဲ့ ဘာမှန်းမသိဘဲ မေတ္တာပို့ခြင်းမှ ကင်းဝေးမှာဖြစ်သလို ဝိုင်းဝန်းကူညီဖို့လည်း ပိုမိုလွယ်ကူစေပါတယ်။
ခဏလောက် ပါကင်ထိုးချင်လို့ အလွဲသုံးစားလုပ်တာမျိုးတော့ မလုပ်သင့်ဘူးပေါ့ဗျာ။
ဒါတွေကတော့ ယာဉ်အန္တရာယ်ကို ကာကွယ်ပေးနိုင်ဖို့ လိုအပ်တဲ့အခါတိုင်း မဖြစ်မနေ အသုံးပြုကိုပြုရမဲ့ အချက်ပြမီးတွေပဲဖြစ်ပါတယ်။
ပျက်စီး၊ ချို့ယွင်းနေပြီဆိုရင်လည်း အတတ်နိုင်ဆုံးမြန်မြန် ပြုပြင်၊ အစားထိုးသင့်တဲ့အချက်ပြမီးတွေဆိုလည်း မမှားပါဘူး။😊
လူကြီးမင်းတို့အနေနဲ့ မမောင်းနှင်ခင်ကတည်းက ကားကျန်းမာရေးကို ကြိုတင်စစ်ဆေးပေးတာတော့ အမှန်ကန်ဆုံးနဲ့ အလုံခြံုဆုံးလုပ်ရပ်ပဲဖြစ်ပါတယ်။👏
Forland Motors ရဲ့ မိတ်ဟောင်း၊ မိတ်သစ် customer လူကြီးမင်းတို့အားလုံး ယာဉ်အန္တရာယ်ကင်းဝေး၊ ဘေးရှင်းကြပါစေခင်ဗျာ။🙏
Forland Motors
( HOTLINE )
Yangon Head Office:
Sale – 09448005151 / 09448005353 / 09448005757
Spare – 09453510664 / 09453510667
Service – 09453510701 / 09453510702
Mandalay Head Office:
095112488/
09765112488