လုပ်ငန်းခွင်အတွက်အသုံးဝင်ဆုံး Forland M3 490 (5T)
▪️လုပ်ငန်းခွင်အတွက်အသုံးဝင်ဆုံး Forland M3 490 (5T)🥇
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာဖို့ဆိုတာ ဖြစ်ပေါ်နိုင်တဲ့လိုအပ်ချက်တွေအကုန်လုံးကို အဖက်ဖက်ကနေ လိုလေသေးမရှိ၊ဖြည့်ဆည်းပေးနိုင်နေလို့ပါ။✨
လုပ်ငန်းခွင်သယ်ယူပို့ဆောင်ရေးအတွက် ကားကောင်းတစ်စီး သေချာစိစိစစ်စစ်မရွေးချယ်ခဲ့ဘူးဆိုရင် လုပ်ငန်းတစ်ခုရဲ့ စီမံရေးနဲ့ ကူးသန်းရောင်းဝယ်ရေးက အကုန်အဆင်ပြေနေပြီး သယ်ယူပို့ဆောင်ရေးကျမှ ကားပြဿနာတွေကြောင့် အချိန်မီမပို့ဆောင်နိုင်ပဲဖြစ်လာပါလိမ့်မယ်။
ကြိမ်ဖန်များလာတဲ့အခါ အချိန်မလေးစားရာရောက်ပြီး “ဆင်ပြောင်ကြီးအမြီးကျမှတစ်” ဖြစ်နေတော့မှာပါ။‼️
ဒါပေမဲ့လည်း အခုမှဝယ်ယူမဲ့လုပ်ငန်းရှင်တွေနဲ့ မြန်မာထူးစံကုမ္ပဏီရဲ့ Forland ချစ်သူတွေအတွက်ကတော့ စိတ်ပူစရာကိစ္စ လုံးဝမဟုတ်ပါဘူး။
မဟုတ်ဆို နှစ်ခါစဉ်းစားစရာမလိုဘဲ ရွေးချယ်ဝယ်ယူသင့်တဲ့ လုပ်ငန်းခွင်အတွက်အသုံးဝင်ဆုံး Forland M3 490 (5T) 1ကျင်းခွဲကားသစ်ရှိနေတာကိုးဗျ။😃
ဆထက်တိုးပိုမိုအောင်မြင်ချင်တဲ့ လူကြီးမင်းတို့ရဲ့လုပ်ငန်းခွင်တွေအတွက် ပိုမိုကောင်းမွန်တဲ့အတွင်းပိုင်းအစိတ်အပိုင်းတွေကြောင့် စွမ်းဆောင်ရည်နဲ့ အကြမ်းခံနိုင်စွမ်းက စံချိန်တင်နိုင်တဲ့အပြင် အပြင်ပိုင်းဒီဇိုင်းကလည်း သေသပ်၊ လှပပြီး အားကိုးချင်စရာကောင်းတဲ့ Forland M3 490 (5T)ကားသစ်တွေကို ဝယ်ယူလိုတယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာထူးစံကုမ္ပဏီကို အခုပဲဆက်သွယ်နိုင်ပါပြီဗျို့။😊
———————————————————
🌟Forland M3 490 (5T) ကားသစ်ရဲ့ အားသာချက်များ🌟
———————————————————
🔹ကျင်းဆိုဒ် : တစ်ကျင်းခွဲ
🔹အင်ဂျင်ပါဝါ : 48KW, 65HP, 2672CC
🔹စီယာတိုင် : Power
🔹ဆီတိုင်ကီအမျိုးအစား : စတီး
🔹ကားခေါင်းရုပ် : ပုံပြောင်းခေါင်းရုပ်ဖြစ်ပြီး မီးလုံး၊ မီးသီး၊ မီးခွက်၊ ထိုင်ခုံ၊ ဒက်ရှ်ဘုတ်၊ ခေါင်းခန်းအတွင်းပိုင်းများအားလုံး ပြောင်းလဲပေးထားသည်။
🔹ဂီယာပိုင်း : ဂီယာထိုးရပိုမိုလွယ်ကူစေဖို့ ဂီယာထိုးတဲ့စနစ်ကို ပြောင်းလဲပေးထားပါတယ်။
🔹ထရန်စဖာ : AC ခလုတ်ဖြင့် ပြောင်းလဲပေးထားပါတယ်။
🔹မီးလုံးမီးခွက် : မီးခွက်တွင် မီးချိန်မော်တာပါပြီး အနိမ့်၊ အမြင့် မီးချိန်ခလုတ်ပါရှိပါသည်။
🔹ဝါယာရိန်း : မီတာဒိုင်ခွက်တွင် အင်ဂျင်လုပ်ဆောင်ချက် RPM ပါရှိပြီး Alarm Sensors များကိုလည်း Digital စနစ်ဖြင့် ပြောင်းလဲပေးထားပါသည်။
🔹ခေါင်းခန်းအတွင်း : ကျယ်ဝန်းတဲ့ဖွဲ့စည်းပုံဖြစ်ပြီး အတွင်း Decoration ပိုင်းကို ပြောင်းလဲဖွဲ့စည်းပေးထားသည်။ ကားခေါင်းအမိုးပန်ကာကို လေယူလေထုတ်စနစ်ပြောင်းထားသည်။
🔹လေအိုးလေဘားများ : အထိုင်နှင့်လေပိုက်လိုင်းစနစ်များ ပြောင်းလဲပေးထားခြင်း။
🔹ကလပ် : ကလပ်အသုံးပြုရာမှာ ပိုမိုပေါ့ပါးမှုရှိစေဖို့ ကလပ်ဆာဗို ထိုင်ပေးထားခြင်း။
🔹ဘေးတံခါး : အတွင်းဖွင့်ဆိုဒ်ကာဗာများကိုလည်း ပြောင်းလဲပေးထားခြင်း။
🔹လေလိုင်း : လေလိုင်းကို သန့်စင်စေရန် air dryer ကို အသုံးပြုပေးထားပြီး လေအိုး၊ လေဘားများကိုလည်း ပြောင်းလဲပေးထားပါသည်။
🔹ဘီးဖုံး : ရှေ့ဘီးဖုံးကို သံဖြင့် အသုံးပြုပေးထားသောကြောင့် ပိုမိုကြံ့ခိုင်တောင့်တင်းမှုရှိခြင်း။
———————————————————
မြန်မာထူးစံကုမ္ပဏီ ရဲ့ မိတ်ဟောင်းမိတ်သစ် Customer ကြီးများလည်း ယခုဖြစ်ပေါ်နေသောရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏
Myanmar Htoo San Co.,Ltd
( HOTLINE )
Yangon Head Office:
Sale – 09448005151 / 09448005353 / 09448005757
Spare – 09453510664 / 09453510667
Service – 09453510701 / 09453510702
Mandalay Head Office:
095112488/
09765112488