ကားမီးသီးကို ဘယ်လိုအသုံးချမလဲ
▪️ကားမီးသီးကို ဘယ်လိုအသုံးချမလဲ မော်တော်ယာဥ်တွေက ကျွန်တော်တို့ကို လိုရာခရီးပို့ဆောင်ပေးနိုင်တဲ့ မိတ်ဆွေကောင်းတွေ ဖြစ်နေ သလို တစ်ချိန်ထဲမှာလည်း တစ်ချက်လေးလွဲမှားသွားတဲ့အခါ ထိခိုက်အန္တရာယ်၊ ငွေကြေးအကုန်အကျကနေ နရသိမ်ရဲ့သံတိုင်တွေနောက်နဲ့ အပြန်လမ်းမရှိတဲ့မရဏတံခါးဝအထိလည်း အရောက်ပို့ပေးနိုင်ပါတယ်ဗျ။😬 မလိုလားအပ်တဲ့ ထိခိုက်မှုတွေမဖြစ်ဖို့အတွက် ကားမောင်းသူအချင်းချင်း နားလည်မှုမလွဲအောင် ကူညီပေးနိုင်တဲ့ အချက်ပြမီးတွေကို ဘယ်အချိန်မှာ ဘယ်လိုမှန်မှန်ကန်ကန်သုံးသင့်လဲဆိုတာတော့ လူကြီးမင်းတို့ကို ပြန်လည်အမှတ်ရစေဖို့ သတိလေးပေးပါရစေဗျို့။🤗 ◾️Low beam headlight(ကားရှေ့မီးကြီး) နေဝင်/နေထွက်ချိန်တွေနဲ့ ညဘက်တွေလို ကောင်းစွာမမြင်ရတဲ့အချိန်မှာ မဖြစ်မနေလိုအပ်တဲ့ ဒီအချက်ပြမီးကတော့ မိုးအရမ်းသည်းနေတာ၊ နှင်းတွေကျနေတာ၊ မြူတွေဆိုင်းနေတာတို့လို ရာသီဥတုမကောင်းတဲ့အခါမျိုးမှာဆို နေ့ဘက်တွေမှာလည်း အသုံးပြုနိင်ပါတယ်။ မိမိရှေ့ကအရာကို ကွဲကွဲပြားပြားမြင်နေအောင် အပြည့်အဝကူညီပေးမဲ့ signal light ပါပဲ။ ◾️Turn signal, indicator (ကွေ့မီး) […]
ဆီစားသက်သာစေမည့်နည်းလမ်းများ
▪️ဆီစားသက်သာစေမည့်နည်းလမ်းများ⛽ အရင်က “ဆင်ဖိုးထက် ချွန်းဖိုးကြီး”၊ “ထမ်းပိုးထက် လက်ခကြီး” ဆိုရင် ဒီခေတ်ကတော့ “ကားဖိုးထက်ဆီဖိုးကြီး” ဖြစ်နေတာဗျ။😤 တကယ်ကိုပဲ ခေါင်ကိုက်နေတဲ့ဆီဈေးတွေက ပြန်ကိုမကျတော့တာကြောင့် ကျွန်တော်တို့ မြန်မာထူးစံကုမ္ပဏီကလည်း လူကြီးမင်းတို့အကုန်အကျသက်သာစေဖို့ ဆီစားသက်သာစေတဲ့နည်းလမ်းကောင်းများကို ရှာဖွေဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။😊 အဲ့ဒါလေးတွေကတော့ 👇👇 —— 🔸ကားတာယာများကို လေပေါင်ချိန်မှန်အောင်ထားပါ။ လေလျော့နေတဲ့တာယာတွေက ခရီးလမ်းကြာတဲ့အခါ ပွတ်တိုက်မှုတွေ၊ rolling resistance တွေပိုဖြစ်စေတာကြောင့် ပုံမှန်ထက် ၆% လောင်စာဆီပိုကုန်စေပါတယ်။ သတ်မှတ်လေပေါင်ချိန်အတိုင်းရှိနေခြင်းက ဆီစားနှုန်းကို ၁၀% လျှော့ချပေးနိုင်ပါတယ်ဗျ။ 🔸မိမိကားအတွက် မှန်ကန်သင့်တော်သော လောင်စာဆီကိုသာ ဖြည့်တင်းပေးပါ။ ဈေးပိုကြီးတဲ့လောင်စာဆီကို ဖြည့်ပေးလည်း မိမိကားအတွက်မဟုတ်တဲ့အခါ ပိုက်ဆံပိုကုန်ရုံပဲရှိပါတယ်။ မိမိကားအတွက်တိကျတဲ့လောင်စာဆီကသာ မိမိကားရဲ့ ဆီစာနှုန်းကို အသက်သာဆုံးလျှော့ချပေးနိုင်တာပါ။ 🔸ကားပေါ်အလေးချိန်ကို အတတ်နိုင်ဆုံး […]