ယုံကြည်၊စိတ်ချ service ဝင်ပါ၊ မြန်မာထူးစံကုမ္ပဏီမှာ
◽️ယုံကြည်၊စိတ်ချ service ဝင်ပါ၊ မြန်မာထူးစံကုမ္ပဏီမှာ ☑️
နွေဦးဆိုပေမဲ့လည်း အပူချိန်ကတော့ မခံမရပ်နိုင်အောင် အိုက်စပ်ပူလောင်လာပါပြီ။ ကားစက်ပစ္စည်းပိုင်းတွေဟာလည်း ကျွန်တော်တို့ လူတွေလိုပဲ ရာသီဥတုအပူဒဏ်နဲ့ သဟဇာတမဖြစ်လှတာကြောင့် အပူရှိန်လွန်ကဲခြင်း၊ အလုပ်ကောင်းကောင်းမလုပ်တော့ခြင်း မဖြစ်စေဖို့ သာမန်ထက် ပိုဂရုစိုက်ပေးဖို့ လိုပါတယ်။ 😊
အပူရှိန်ပြင်းတဲ့ ပွင့်လင်းရာသီမှာ မြန်မာထူးစံကုမ္ပဏီရဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံး ကားအသုံးပြုရ အဆင်ပြေလွယ်ကူချောမွေ့စေဖို့ အတွက် ပုံမှန်စစ်ဆေးသင့်တဲ့အစိတ်အပိုင်းလေးများအကြောင်း မျှဝေအသိပေးအပ်ပါတယ်ခင်ဗျာ။❕
☑️ကားအင်ဂျင်
ကားတစ်စီးရဲ့ ဦးနှောက်ဖြစ်တဲ့ ကားအင်ဂျင်ပိုင်းက အရေးကြီးဆုံးဖြစ်တာကြောင့် နေ့စဉ်မှန်မှန် စစ်ဆေးပေးသင့်ပါတယ်။
အပူရှိန်တွေကြောင့် အင်ဂျင်ဝိုင်တွေ လျော့တတ်သလို အင်ဂျင်အပူရှိန် လျှော့ကျစေဖို့လည်း ရေအစား coolant ကို အသုံးပြုသင့်ပါတယ်။
☑️ဖစ်တာများ
ခြောက်သွေ့၊ပူပြင်းတဲ့ ဒီရာသီမှာ ဖုန်မှုန့်၊ သဲမှုန့်တွေများပြားလွန်းတဲ့အတွက် သာမန်ထက် အလုပ်ပိုလုပ်ရတဲ့ လေစစ်တွေကို အချိန်မှန်မှန် သန့်ရှင်း၊ လဲလှယ်ပေးသင့်ပါတယ်။
Forland Original လေစစ်တွေကတော့ စံချိန်မီအရည်အသွေးကို ပိုင်ဆိုင်ထားတာကြောင့် ကြာရှည်လည်းခံသလို လဲလှယ်ရလည်း လွယ်လှပါတယ်။
☑️ကားအောက်ပိုင်း၊ ဟက်ဘော
ပူပြင်းတဲ့ရာသီဥတုနဲ့ ဘီးလည်ပတ်နှုန်းတွေကြောင့် အမဲဆီအရည်ပျော်ပြီး ဟက်ဘောများ ပျက်စီးခြင်း ၊ ဘရိတ်ရှူးအတွင်း ဝင်ရောက်ပြီး ဘရိတ် error များ မဖြစ်ရလေအောင် ကားအောက်ပိုင်း ၊ မိမိကား ဟက်ဘောများကို ဒီလိုကာလတွေမှာတော့ ၃လတစ်ကြိမ် စစ်ဆေးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
☑️ဂီယာဘောက်စ်ပိုင်း ၊ ကရောင်းပိုင်းနှင့် ပတ်သက်ပြီး ဂီယာဝိုင် ၊ ကရောင်းဝိုင်များကိုလည်း ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။
လက်တွေ့မှာတော့ လူကြီးမင်းတို့အနေနဲ့ မိမိကားကျန်းမာရေးအတွက် နေ့စဉ်ပုံမှန်စစ်ဆေး၊ အချိန်ပေးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့လည်း မဟုတ်တာကြောင့် မြန်မာထူးစံမှာ ယုံကြည်စိတ်ချစွာ service အပ်နှံပြီး လူကြီးမင်းတို့ရဲ့ ကားအရည်အသွေးကို အသစ်နီးပါးအတိုင်း ဖြစ်နေအောင် ပြုပြင်၊ထိန်းသိမ်းနိုင်ပါတယ်။🤗
လူကြီးမင်းတို့ရဲ့ မအားလပ်တဲ့အချိန်မှာ ကားကျန်းမာရေးကို ဒေါင်ဒေါင်မြည်အောင် အသေးစိတ်စစ်ဆေး၊ ပြုပြင်ပေးဖို့ ကျွန်တော်တို့ မြန်မာထူးစံကုမ္ပဏီမှ တာဝန်ယူပါရစေခင်ဗျာ။🤝🤝
မြန်မာထူးစံရဲ့ မိတ်ဟောင်း၊ မိတ်သစ် Customer များအားလုံး ယခုဖြစ်ပေါ်နေသော ကပ်ရောဂါတွေဘေးမှ ကင်းဝေးကြပါစေ။🙏🙏🙏
Myanmar Htoo San Co.,Ltd
( HOTLINE )
Yangon Head Office:
Service – 09453510701 / 09453510702
Sale – 09448005151 / 09448005353 / 09448005757
Spare – 09453510664 / 09453510667
Mandalay Head Office:
095112488 / 09765112488