ကားစက်နှိုးမရတဲ့အခါ
◾️ကားစက်နှိုးမရတဲ့အခါ ရုတ်တရက်ကြီး ကားစက်နှိုးမရတဲ့အခါ ဝါရင့်ကားသမားတွေအတွက်တော့ ဘာမှမဟုတ်ပေမဲ့ အခုမှစမောင်းသူတွေ၊ လူငယ်တွေပထမဆုံးကြုံရတဲ့အခါ လန့်သွားတတ်ကြပါတယ်။ “ဘာဖြစ်သွားလဲမသိဘူး” ဆိုတဲ့အတွေးနဲ့အတူ ကားဝပ်ရှော့ကဆရာသမားတွေကို မျှော်နေရတာက ပျော်စရာတော့မကောင်းလှပါဘူး။ ဒါကြောင့် Forland Motors ရဲ့ Customer လူကြီးမင်းတို့အတွက် ဘာကြောင့်ကားစက်နှိုးမရလဲဆိုတဲ့အကြောင်းလေးတွေ ဗဟုသုတအလို့ငှာ ဝေမျှလိုက်ပါတယ်ဗျ။🤗 ▪️ဘတ္ထရီပြဿနာ ဘတ္ထရီသေသွားခြင်း(ဘတ္ထရီအားမရှိတော့ခြင်း)ကတော့ ကားစက်နှိုးမရခြင်းရဲ့ အဖြစ်များဆုံးနဲ့ အကြားရဆုံးပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။ ဘတ္ထရီအားကုန်နေမယ်ဆိုရင်တော့ မော်တာကိုနှိုးလို့ရတော့မှာမဟုတ်ပါဘူး။ ဒိုင်နမိုချာဂျင်မကောင်းလို့ ဘတ္ထရီအဝင်နည်းရင်လည်း ဘတ္ထရီမှာ အားရှိမှာမဟုတ်ပါဘူး။ ဘတ္ထရီငုတ်တိုင်နှင့် ဘတ္ထရီခေါင်းက ချောင်မနေဘဲ သေချာစွာချိတ်ဆက်မိနေဖို့လည်း လိုအပ်ပါတယ်။ ဘတ္ထရီရှိမရှိကိုတော့ Tester နဲ့တိုင်းတာနိုင်သလို ကားမီးကြီးအလင်းရောင်ကောင်း၊မကောင်း၊ ဟွန်းသံကျယ်၊မကျယ်၊ ဝိုက်ပါအလုပ်ကောင်းကောင်းလုပ်၊မလုပ် နဲ့လည်း တိုင်းတာစစ်ဆေးနိင်ပါတယ်။ ▪️စက်နှိုးမော်တာမကောင်းခြင်း စက်နှိုးမော်တာလည်ပတ်မှသာ အင်ဂျင်ကိုနှိုးပေးနိုင်မှာဖြစ်ပါတယ်။ ဆိုလီနွိုက်မကောင်းခြင်း၊ […]
ကားမောင်းတဲ့အခါ သတိထားစရာများ
◾️ကားမောင်းတဲ့အခါ သတိထားစရာများ “အစားမတော်တစ်လုတ်” ၊ “အသွားမတော်တစ်လှမ်း” ဆိုသလို အမောင်းမတော်ရင်လည်း ထောင်နှုတ်ခမ်းတန်းရောက်သွားနိုင်ပြီး အသက်အန္တရာယ်ပါ ရှိနိုင်တာကြောင့် ကားမောင်းတဲ့အခါ ဂရုတစိုက်ဆင်ခြင်မောင်းနှင်နိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။‼️ ဒါကြောင့် မြန်မာထူးစံကုမ္ပဏီရဲ့ ချစ်ခင်လေးစားရတဲ့ လူကြီးမင်းတို့အတွက် အန္တရာယ်ကင်းကင်းနဲ့ လိုရာခရီးကို မောင်းနှင်နိုင်ဖို့ ကားမောင်းတဲ့အခါ သတိထားရမယ့် အချက်ကလေးတွေကို မမေ့လျော့သွားအောင် ပြန်လည်သတိပေး၊ ဝေမျှပေးလိုက်ပါတယ်နော်။✍️ ▪️မမောင်းနှင်ခင်မှာ မိမိကားကျန်းမာရေးကို စစ်ဆေးပါ။ ကားမောင်းနေရင်းတန်းလန်းမှာ ဘရိတ်မမိတော့တာမျိုး၊ အချက်ပြမီးတွေသုံးလို့မရတော့တာမျိုးက သိပ်ကိုအန္တရယ်များပါတယ်။ တခြားအစိတ်အပိုင်းတွေ ချို့ယွင်းပျက်စီးနေတာ၊ ဆီကုန်သွားတာတွေကလည်း အန္တရာယ်လည်းများသလို ခရီးလမ်းကိုလည်း နှောင့်နှေးစေတဲ့အတွက် မထွက်ခွာခင်တိုင်းမှာ ကားကျန်းမာရေးကို စစ်ဆေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ▪️မူးရင်မမောင်းနဲ့၊ မောင်းရင်မမူးနဲ့ ❌ အကြားရဆုံးသတိပေးဆောင်ပုဒ်ဖြစ်သလိုမလိုက်နာတတ်ကြတဲ့ စည်းကမ်းဆိုလည်း မမှားပါဘူး။ ကားမောင်းတဲ့အခါ […]
Forland Light Truck & M3 Dumper Trucks Sold Out
◾️Forland Light Truck & M3 Dumper Trucks Sold Out🎉 မြန်မာထူးစံကုမ္ပဏီရဲ့ ချစ်ရတဲ့ Customer လူကြီးမင်းတို့ကတော့ မိုးထဲရေထဲလည်း မမှုဘဲ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးသွားကြပြန်ပါပြီ။ 👏 ပွင့်လင်းရာသီနဲ့အတူ တိုးချဲ့တော့မဲ့ စီးပွားရေးလုပ်ငန်းများအတွက် မြန်မာထူးစံကုမ္ပဏီမှ Forland Truck များကို ဝယ်ယူအားပေးသူလူကြီးမင်းများဖြစ်ကြတဲ့ 🔸Forland Light Truck LJ465Q -7’4″ ကို ဝယ်ယူအားပေးသွားတဲ့ မှော်ဘီမြို့နယ်မှ ဒေါ်ရွှေလေးနှင့် 🔸Forland M3 Dumper Truck 4102-7T များကို အသီးသီးဝယ်ယူအားပေးသွားကြတဲ့ မြောက်ဥက္ကလာမြို့နယ်မှ ဦးခင်မောင်အေးနှင့် ကျောင်းကုန်းမြို့နယ်မှ ဦးစသက်ပိုင်ဝင်းတို့အား အထူးကျေးဇူးတင်ရှိပါတယ်။ မြန်မာထူးစံကုမ္ပဏီမှ Forland Truck […]