ကားမောင်းတဲ့အခါ သတိထားစရာများ
◾️ကားမောင်းတဲ့အခါ သတိထားစရာများ
“အစားမတော်တစ်လုတ်” ၊ “အသွားမတော်တစ်လှမ်း” ဆိုသလို အမောင်းမတော်ရင်လည်း ထောင်နှုတ်ခမ်းတန်းရောက်သွားနိုင်ပြီး အသက်အန္တရာယ်ပါ ရှိနိုင်တာကြောင့် ကားမောင်းတဲ့အခါ ဂရုတစိုက်ဆင်ခြင်မောင်းနှင်နိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။‼️
ဒါကြောင့် မြန်မာထူးစံကုမ္ပဏီရဲ့ ချစ်ခင်လေးစားရတဲ့ လူကြီးမင်းတို့အတွက် အန္တရာယ်ကင်းကင်းနဲ့ လိုရာခရီးကို မောင်းနှင်နိုင်ဖို့ ကားမောင်းတဲ့အခါ သတိထားရမယ့် အချက်ကလေးတွေကို မမေ့လျော့သွားအောင် ပြန်လည်သတိပေး၊ ဝေမျှပေးလိုက်ပါတယ်နော်။✍️
▪️မမောင်းနှင်ခင်မှာ မိမိကားကျန်းမာရေးကို စစ်ဆေးပါ။
ကားမောင်းနေရင်းတန်းလန်းမှာ ဘရိတ်မမိတော့တာမျိုး၊ အချက်ပြမီးတွေသုံးလို့မရတော့တာမျိုးက သိပ်ကိုအန္တရယ်များပါတယ်။
တခြားအစိတ်အပိုင်းတွေ ချို့ယွင်းပျက်စီးနေတာ၊ ဆီကုန်သွားတာတွေကလည်း အန္တရာယ်လည်းများသလို ခရီးလမ်းကိုလည်း နှောင့်နှေးစေတဲ့အတွက် မထွက်ခွာခင်တိုင်းမှာ ကားကျန်းမာရေးကို စစ်ဆေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
▪️မူးရင်မမောင်းနဲ့၊ မောင်းရင်မမူးနဲ့ ❌
အကြားရဆုံးသတိပေးဆောင်ပုဒ်ဖြစ်သလိုမလိုက်နာတတ်ကြတဲ့ စည်းကမ်းဆိုလည်း မမှားပါဘူး။
ကားမောင်းတဲ့အခါ ပုံမှန်အသိစိတ်နဲ့တောင် သတိလက်လွတ်ဖြစ်တတ်တာမျိုး၊ မိမိအမှားမဟုတ်သော်လည်း သူများကြောင့် ထိခိုက်မှုတွေဖြစ်တဲ့အချိန်မှာ မူးယစ်၊ သောက်စားပြီး အသိစိတ်လွတ်နေမယ်ဆိုရင်တော့ မိမိကိုယ်ကိုယ်နဲ့ မိမိ မိသားစုအပြင် အခြားသူတွေကိုပါ ထိခိုက်၊ဒုက္ခရောက်စေမှာပါ။
▪️ကားမောင်းနေစဉ် ဖုန်းမသုံးပါနဲ့။
တစ်ချိန်တည်းမှာ အလုပ်နှစ်ခုလုပ်နိုင်တာက ဂုဏ်ယူစရာကောင်းပေမဲ့ ယာဉ်မောင်းနေမှာ ဖုန်းသုံးတာကတော့ မလုပ်သင့်ပါဘူး။
အာရုံမရနိုင်တဲ့အချိန်မှာ တစ်ဖက်ကားရဲ့အမှားတွေ၊ ဝင်တိုးလာနိုင်တဲ့ကလေးတွေ၊ ခွေးတွေက နှစ်ဦးနှစ်ဖက်လုံးကို အကျိုးမရှိနိုင်စေတာကြောင့် ကားမောင်းတဲ့အခါ တစ်ခုတည်းအာရုံစိုက်ဖို့ လိုအပ်ပါတယ်။
▪️အချက်ပြမီးတွေကို လိုအပ်တဲ့အချိန်တိုင်း မှန်ကန်၊တိကျစွာသုံးပါ။
မိမိဘာလုပ်တော့မယ်ဆိုတာကို ကြိုအချက်ပြမှ နောက်ပါယာဉ်တွေအတွက်လည်း အဆင်ပြေမှာဖြစ်ပါတယ်။
အချက်မပြဘဲ ရုတ်တရက်ဘရိတ်ကောက်အုပ်လိုက်တာ၊ ရုတ်တရက်ကွေ့ချတာ၊ လမ်းကြောပြောင်းချလိုက်တာတွေက အန္တရာယ်လည်းများသလို ခိုက်ရန်ဖြစ်ပွားနိုင်ချေလည်း ရှိတာကြောင့် အချက်ပြမီးတွေကို မှန်မှန်ကန်ကန် သုံးပေးဖို့လိုပါတယ်။
▪️ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို လိုက်နာပါ။
သတ်မှတ်နှုန်းထက်အမြန်မောင်းတာမျိုး၊ မီးဝါကိုအမြန်ဖြတ်တာမျိုး၊ မီးနီဖြတ်တာမျိုးက တစ်ဖက်ကားကိုရော၊ မိမိကိုယ်ကိုပါ အန္တရာယ်ပေးနိုင်ပါတယ်။
ယာဉ်တိုက်မှုဖြစ်ရင်တောင် ကိုယ့်အမှားမဖြစ်ဖို့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို အမြဲလိုက်နာပေးဖို့ လိုအပ်ပါတယ်။
▪️အမြဲခါးပါတ်ပတ်ဖို့ မမေ့ပါနဲ့၊
ဒါဟာ အမေ့လျော့ဆုံးကိစ္စဆိုလည်း မမှားပါဘူး။
“ရပါတယ်၊ ဘာမှမဖြစ်ပါဘူး” ဆိုပြီး ပေါ့ဆစွာ ခါးပါတ်မပတ်လိုက်ခြင်းက သင့်အသက်ဆုံးရှုံးခြင်းရဲ့ အကြောင်းအရင်းဖြစ်သွားနိုင်တယ်ဆိုတာ မမေ့ပါနဲ့။
အထက်ပါအချက်တွေကတော့ ကားမောင်းနေစဉ် မပေါ့ဆဘဲ သတိထားလိုက်နာဆောင်ရွက်သင့်တဲ့အချက်လေးတွေပဲ ဖြစ်ပါတယ်။🤗
“စိတ်ရှည်၊ သည်းခံ၊ လမ်းကြောင်းမှန် မောင်းရန်မော်တော်ကား” ဆိုသလို ကားမောင်းနေစဉ်အချိန်မှာ စိတ်ရှည်မှုက သိပ်ကိုအရေးကြီးတာကြောင့် မြန်မာထူးစံရဲ့ customer လူကြီးမင်းများအားလုံး လိုရာခရီးကို အန္တရာယ်ကင်း ချောမွေ့စွာ ရောက်ရှိနိုင်ကြပါစေ ။ 😊
မြန်မာထူးစံ ရဲ့ မိတ်ဟောင်းမိတ်သစ် Customer ကြီးများလည်း ယခုဖြစ်ပေါ်နေသောရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏
Myanmar Htoo San Co.,Ltd
( HOTLINE )
Yangon Head Office:
Sale – 09448005151 / 09448005353 / 09448005757
Spare – 09453510664 / 09453510667
Service – 09453510701 / 09453510702
Mandalay Head Office:
095112488 / 09765112488