ယာဉ်မောင်းနေစဉ် ကွေ့တဲ့၊ ရပ်တဲ့အခါ သိထားသင့်သောအချက်များ
⚠️ယာဉ်မောင်းနေစဉ် ကွေ့တဲ့၊ ရပ်တဲ့အခါ သိထားသင့်သောအချက်များ🚫
ယာဉ်တိုက်မှု၊ ယာဉ်အန္တရာယ်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ ကွေ့လိုက်တဲ့အခါ၊ နောက်ဆုတ်တဲ့အခါတွေမှာလည်း ရုတ်တရက် မတော်တဆထိခိုက်မှုတွေကနေ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ‼️
ဒါကြောင့် ချစ်ရတဲ့ မိတ်ဟောင်း၊ မိတ်သစ်လူကြီးမင်းများ ယာဉ်အန္တရာယ်ကင်းဝေးပြီး လိုရာခရီးကို အေးချမ်းစွာရောက်ရှိနိုင်ဖို့ ယာဉ်မောင်းသူတွေသိထားသင့်တဲ့ ယာဉ်စည်းကမ်းအချို့ကို Forland Motorsမှ ပြန်လည်အသိပေး၊ မျှဝေပေးလိုက်ပါတယ်နော်။🔰
🔷ယာဉ်မောင်းသူများ ကား ကွေ့သည့်အခါ 🔄
🔸ကွေ့မည်ဖြစ်ကြောင်းအနည်းဆုံး ပေ ၁၀၀ အကွာမှ အချက်စပြပါ။
🔸လမ်းဆုံ၊ လမ်းခွတွင် လက်ယာဘက်သို့ကွေ့လိုလျှင် လက်ယာဘက်ကပ်၊ အမြန်နှုန်းလျှော့၊ အန္တရာယ်ကင်းမှ ကွေ့ပါ။
🔸လမ်းဆုံ၊ လမ်းခွတွင် လက်ဝဲဘက်သို့ ကွေ့လိုလျှင် လက်ဝဲစွန်း သို့မဟုတ် အလယ်ယာဉ်ကြောဘက်ကပ်၊ အမြန်နှုန်းလျှော့ လမ်းခွတွင် ခေတ္တရပ်၊ မျက်နှာချင်းဆိုင် တည့်တည့်သွားယာဉ်ရှိက ဦးစားပေး၊ အန္တရာယ်ကင်းမှ ကွေ့ပါ။
🔸လမ်းမကြီးမှ လက်ယာဘက်ရှိ လမ်းသွယ်သို့ကွေ့ဝင်လျှင် လက်ယာဘက်ကပ်၊ အမြန်နှုန်းလျှော့၊ အန္တရာယ်ကင်းမှ ကွေ့ဝင်ပါ။
🔸လမ်းမကြီးမှ လက်ဝဲဘက်ရှိလမ်းသွယ်သို့ ကွေ့ဝင်လိုလျှင် လမ်းလယ်ယာဉ်ကြောဘက်ကပ်၊ အမြန်နှုန်း လျှော့၊ လမ်းခွတွင် ခေတ္တရပ်မျက်နှာချင်းဆိုင် တည့်တည့်သွားယာဉ်ရှိက ဦးစားပေး၊ အန္တရာယ်ကင်းမှ ကွေ့ဝင် ပါ။
🔸“ဂ”ကွေ့ ကွေ့လိုလျှင် မိမိရှေ့/ နောက်ယာဉ် အသွားအလာရှင်းမှ အခြားယာဉ်များကို အနှောင့်အယှက်မဖြစ်စေဘဲ ကွေ့ပါ၊
🔷နောက်ဆုတ်သည့်အခါ ⬇️
🔸နောက်ဆုတ်လိုလျှင် အန္တရာယ်ကင်းမှ အချက်ပြပြီး ဖြည်းညင်းစွာ ဆုတ်ပါ။
🔸လမ်းသွယ်၊ ဥပစာတစ်ခုခု၊ ခြံဝင်းအတွင်းမှ လမ်းမပေါ်သို့ ယာဉ်နောက်ဆုတ်မထွက်ရ။
🔸တစ်လမ်းမောင်းပေါ်တွင် နောက်ဆုတ်မမောင်းရ။
🔸အခြားလမ်းအသုံးပြုသူများ အနှောင့်အယှက်ဖြစ်စေမည့် ရှည်ကြာစွာ နောက်မဆုတ်ရ။
အထက်ပါအချက်တွေကတော့ ယာဉ်မောင်းနေစဉ် ကွေ့တဲ့အခါနဲ့ နောက်ဆုတ်တဲ့အခါတွေမှာ ယာဉ်မောင်းသူတွေ သတိထားလိုက်နာသင့်တဲ့ ယာဉ်စည်းကမ်းများပဲ ဖြစ်ပါတယ်။😊
လုပ်ငန်းခွင်သုံး Dump Truck / Light Truck ကားများကို လက်ငင်းစနစ် ၊ အရစ်ကျစနစ်များဖြင့် ရောင်းချပေးနေပြီဖြစ်လို့အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်၍ မေးမြန်းစုံစမ်းဝယ်ယူအားပေးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
Forland Motors ရဲ့ မိတ်ဟောင်းမိတ်သစ် Customer ကြီးများလည်း ယခုဖြစ်ပေါ်နေသောရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏
Forland Motors
( HOTLINE )
Yangon Head Office:
Sale – 09448005151 / 09448005353 / 09448005757
Spare – 09453510664 / 09453510667
Service – 09453510701 / 09453510702
Mandalay Head Office:
095112488 / 09765112488