ပူတဲ့ရာသီ ကားအဲကွန်းသတိပြုစရာ
🥵 ပူတဲ့ရာသီ ကားအဲကွန်းသတိပြုစရာ ‼️
ရာသီဥတုက ပူလွန်းတာကြောင့် ကားစီးပြီဆို အဲကွန်းလေးဖွင့်ထားမှ လမ်းခရီးမှာ ဟန်ကျတာပါ။ ဒါပေမဲ့လည်း ပူလွန်းတဲ့ရာသီဥတုမှာ ကားစီးတိုင်း အဲကွန်းဖွင့်စီးတာက ခဏတာကို အေးမြသွားစေပေမဲ့ ကောင်းကွက်ချည်းပဲတော့ မဟုတ်ပါဘူး ။ ဒီနေ့မှာတော့ Forland ချစ်သူများအတွက် ပူတဲ့ရာသီမှာ ကားအဲကွန်းနဲ့ ပက်သက်ပြီး သတိပြုစရာလေးတွေကို သတိထားမိစေဖို့ ဝေမျှပေးလိုက်ရပါတယ်ခင်ဗျာ ။
ဘာတွေကို သတိထားသင့်လဲဆိုတော့
🔻 အပူရှပ်နိုင်ပါတယ် ။
ခန္ဓာကိုယ်အတွင်း အပူ၊ အအေး မမျှတမှုကို ဖြစ်စေတဲ့အတွက် သတိမထားဘဲ ဝင်ထွက်၊သွားလာနေမယ်ဆိုရင်တော့ အပူရှပ်ခြင်းခံစားရနိုင်ပြီး မူးဝေ၊ အော့အန်ခြင်း၊ ချွေးထွက်များခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ဖျားနာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
🔻 ကားအင်ဂျင်ကို အပူလွန်ကဲစေပါတယ်။
နွေရာသီအပူဒဏ်ကြောင့် အင်ဂျင်ကို heat တက်စေတဲ့အပြင်မှာမှ ကားအဲကွန်းအမြဲဖွင့်ထားခြင်းကြောင့် အဲကွန်းအတွက်ပါ ဝန်ပိုထမ်းရပါတယ် ။ ရလဒ်အနေနဲ့ အင်ဂျင်အပူလွန်ကဲမှုကို တွေ့ကြုံရနိုင်ပြီး လူရော စိတ်ပါ နှစ်ဆမက ပူလောင်သွားစေနိုင်ပါတယ် ။
🔻 ငွေကြေးအကုန်အကျ
ဆိုခဲ့သလိုပါပဲ ။ လူကျန်းမာရေးကိုရော ၊ ကားကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တဲ့အတွက် တစ်ခုမဟုတ်တစ်ခုအတွက်တော့ သေချာပေါက်နီးပါး ငွေကြေးကုန်ကျနိုင်ပါတယ် ။
ဒါတွေကတော့ နွေရာသီအတွင်း ကားအဲကွန်းအမြဲဖွင့်ထားခြင်းရဲ့ ဆိုးကျိုးရလဒ်များပဲ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း နွေရာသီကိုအံတုဖို့ အကောင်းဆုံးနည်းလမ်းဆိုလည်း ဟုတ်တာကြောင့် အသိနဲ့သတိယှဉ်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း နေထိုင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ ။
FORLAND ချစ်သူများအားလုံးလည်း ယာဉ်အန္တရာယ်ကင်းဝေး၊ ဘေးကင်းကြပါစေဗျို့ ။ 🤗
Forland Motors ( HOTLINE )
Yangon Head Office:
☎️ Sale – 09448005151 / 09448005353 / 09448005757
☎️ Service – 09453510701 / 09453510702
☎️ Spare – 09453510664 / 09453510667
Mandalay Head Office:
☎️ 095112488 / 09765112488