ကားအပူမလွန်စေမည့် နည်းလမ်းများ
♻️ ကားအပူမလွန်စေမည့် နည်းလမ်းများ ✳️
အပူချိန်မြင့်လှတဲ့ ဒီနှစ်နွေရာသီမှာ ကားတွေ၊ အင်ဂျင်တွေကိုလည်း အနားပေး၊ အအေးခံမှသာ အပူလွန်ကဲခြင်းမျိုး မဖြစ်မှာပဲ ဖြစ်ပါတယ် ။ ကားအပူလွန်ကဲလာပြီဆိုရင် နောက်ဆက်တွဲအကျိုးဆက်တွေက ငွေကုန်၊ လူကုန်၊ အချိန်ကုန်ဖြစ်စေမှာဆိုတော့ ဒီလိုနွေခေါင်ခေါင်မှာ စိတ်ပင်ပန်းမှုများ ပိုမတိုးလာစေဖို့ ကားအပူမလွန်စေမဲ့နည်းလမ်းလေးများကို မြန်မာထူးစံမှ ဝေမျှပေးလိုက်ရပါတယ်ခင်ဗျာ ။ ✍️
ကားအပူမလွန်စေဖို့ ကြိုတင်ကာကွယ်ထားနိုင်မဲ့ နည်းလမ်းလေးတွေကတော့
🌀 ကားရပ်တဲ့အခါ အရိပ်ထဲမှာသာ ရပ်ပါ ။
🌀 ပြတင်းပေါက်လေးများ အနည်းငယ်မျှ ဖွင့်ထားခဲ့၍ ရပ်ပါ ။
🌀 ကားပြတင်းပေါက်များကို shade ထည့်ပါ ။ အရောင်တင်ပါ ။ အပူဒဏ်သက်သာစေပါသည်။
🌀 အင်ဂျင်အပူမလွန်ကဲစေဖို့ ကူးလန့်များကို မှန်မှန်ထည့်ပေး ၊ လဲပေးပါ ။ လိုအပ်ပါက အသုံးပြုနိုင်ရန် ကူးလန့်အပိုဆောင်ထားပါ ။
🌀 ကားအပူချိန်ပြ ဒိုင်ခွက်ကို အမြဲတမ်း စောင့်ကြည့်နေပါ ။ Hot ဘက်ကို ပြနေပါက ကားကို ဘေးချရပ်ပြီး အင်ဂျင်ကို ခတ္တအအေးခံ ၊ အနားပေးသင့်ပါတယ် ။
🌀 မလိုအပ်တဲ့အခါ အဲကွန်းပိတ်၍ မောင်းနှင်ပါ ။ အဲကွန်းဖွင့်မောင်းခြင်းက အင်ဂျင်ကို load ပိုတက်စေပါတယ် ။
🌀 အပူချိန်ပြဒိုင်ခွက်တွင် hot ပြနေပြီး လမ်းဘေးချရပ်မရသောအချိန်မျိုးတွင် အဲကွန်းပိတ်၍ heat ဖွင့်လိုက်ခြင်းက အချိန်ခေတ္တဆွဲပေးနိုင်ပါလိမ့်မည် ။
🌀 အပူချိန်မလွန်ကဲစေရန် ထိန်းညှိပေးမဲ့ အအေးပေးစနစ်ဖြစ်သော ကားရေတိုင်ကီနှင့်တကွ အစိတ်အပိုင်းများကို ကားမမောင်းခင်တိုင်း စစ်ဆေးပေးပါ။
အထက်ပါအချက်တွေကတော့ နွေရာသီအလယ်မှာ ကားမောင်းသူရော၊ မောင်းတဲ့ကားပါ heat မတက်စေဖို့ ကူညီပေးနိုင်မဲ့ နည်းလမ်းကောင်း ဖြစ်ပါတယ်။ နွေရာသီအပူချိန်ကို အံတုနိုင်ဖို့အတွက် လိုအပ်သော ကူးလန့်များ ၊ ကားအတွင်းပစ္စည်းများ ၊ အလှဆင်ပစ္စည်းများကိုလည်း မြန်မာထူးစံကုမ္ပဏီမှ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်နော်။😊
နေ့စဉ်ရာသီဥတုအပူချိန်ဟာ မြင့်မားလွန်းလှတဲ့အတွက် ကားဆရာများအနေနဲ့လည်း ကားကျန်းမာရေးသာမက လူကျန်းမာရေးပါ အထူးဂရုစိုက်ကြပါလို့ မြန်မာထူးစံမှ ရင်တွင်းစိတ်ရင်းဖြင့် အကြံပေးလိုက်ရပါတယ်ဗျို့ ။ 🤗
Myanmar Htoo San Co.,Ltd ( HOTLINE )
Yangon Head Office:
📞 Spare – 09453510664 / 09453510667
📞 Sale – 09448005151 / 09448005353 / 09448005757
📞 Service – 09453510701 / 09453510702
Mandalay Head Office:
📞 095112488 / 09765112488