စုံမီးကို ဘယ်လိုအချိန်မှာ သုံးရမလဲ
🚨 စုံမီးကို ဘယ်လိုအချိန်မှာ သုံးရမလဲ 🤔
စုံမီးလို့ လူသိများတဲ့ Hazard Lights တွေဟာ ကိုယ်မောင်းနှင်ရာနိုင်ငံ ၊ ဒေသပေါ် လိုက်ပြီး အသုံးပြုပုံကွဲပြားတတ်ကြပေမဲ့လည်း အရေးပေါ်အခြေအနေတွေမှာတော့ မဖြစ်မနေသုံးပေးရပါတယ် ။ ဒီနေ့မှာတော့ FORLAND MOTORS ချစ်သူများအတွက် စုံမီးကို ဘယ်အချိန်မှာ သုံးသင့်လဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်နော် ။
◾️စုံမီးတွေကို ဘယ်လိုအချိန်တွေမှာ သုံးသင့်လဲဆိုတော့ ရုတ်တရက် ကားပြဿနာပေါ်လာတဲ့အခါ လမ်းဘေးချမရပ်ခင် သုံးသင့်ပါတယ်။ ကားတိုက်မှု၊ ယာဉ်မတော်တဆမှု ကြုံတွေ့ရတဲ့အခါ၊ ရဲဖမ်းခံရတဲ့အခါ၊ နာရေးကိစ္စအတွက် မောင်းနှင်နေတဲ့အခါတွေမှာ စုံမီးသုံးနိုင်ပါတယ် ။
◾️တချို့နိုင်ငံ၊ ဒေသတွေမှာတော့ မြူဆိုင်းတဲ့အခါတွေ၊ မိုးသည်းနေချိန်တွေ၊ အလင်းရောင်အားနည်းနေတဲ့အချိန်တွေမှာ ထင်သာမြင်သာရှိစေဖို့ စုံမီးကို သုံးတတ်ကြပါတယ် ။
◾️အရေးပေါ်ကားပြဿနာကြောင့် စုံမီးသုံးရပြီဆိုရင်လည်း ဘယ်ဘက်ကွေ့မလဲဆိုတာလည်း တွဲအချက်ပြပေးမှာ ဘေးကား၊ နောက်ကားတွေအတွက် အဆင်ပြေမဖြစ်တော့မှာကိုတော့ မမေ့ပါနဲ့ ။
ဒါပေမဲ့ …
စုံမီးသုံးလိုက်တဲ့အခါ ဘေးကား ၊ နောက်ကားတွေက အရှိန်လျှော့ပေးရတတ်ကြောင့် စုံမီးကို အမြဲတစေ သုံးနေလို့တော့ မဖြစ်ပါဘူး ။ အရေးပေါ်အခြေအနေတွေမဟုတ်တဲ့ ပါကင်ထိုးချင်တဲ့အချိန်မျိုး ၊ လမ်းလယ်မှာ ကားနှစ်ထပ် ခဏရပ်လိုတဲ့အချိန်မျိုးမှာ လုံးဝမသုံးသင့်သလို ဥပဒေနဲ့လည်း မကိုက်ညီပါဘူး ။
စုံမီးသုံးရတာဟာ အရေးပေါ်အခြေအနေတွေမှာသာ သုံးရတာ ဖြစ်တဲ့အတွက် မသုံးရလေ၊ ကောင်းလေပါပဲ။ စုံမီးလုံးဝမသုံးရစေဖို့ ကားမမောင်းမီကတည်းက ကားကျန်းမာရေးကို အသေအချာစစ်ဆေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲဗျာ ။ FORLAND ချစ်သူများအားလုံးလည်း ယာဉ်အန္တရာယ်ကင်းဝေး၊ ဘေးကင်းကြပါစေဗျို့ ။ 🤗
Forland Motors ( HOTLINE )
Yangon Head Office:
☎️ Sale – 09448005151 / 09448005353 / 09448005757
☎️ Service – 09453510701 / 09453510702
☎️ Spare – 09453510664 / 09453510667
Mandalay Head Office:
☎️ 095112488 / 09765112488