မိုးတွင်းကာလ လမ်းမချော်စေဖို့
⛈ မိုးတွင်းကာလ လမ်းမချော်စေဖို့ ⚠️
မိုးတွင်းကာလမှာ မိုးသည်းသလောက် ယာဉ်မောင်းတွေအတွက် စိတ်ဒုက္ခရောက်ရပါတယ် ။ ယာဉ်ကြောကျပ်တာ၊ သေချာမမြင်ရတာတွေအပြင် စိုစွတ်၊ ချောနေတဲ့ လမ်းမတွေက မောင်းနှင်သူတိုင်းအတွက် စိတ်ပျက်စရာပါပဲ ။ ဒါပေမဲ့လည်း အသက်လောက် ဘာမှအရေးမကြီးတာကြောင့် မိုးတွင်းကာလမှာ လမ်းမချော်စေဖို့ သတိထားသင့်တဲ့အချက်များကို မြန်မာထူးစံမှ ဝေမျှပေးလိုက်ရပါတယ် ။ 😊
🔹🔹🔹🔹🔹
မိုးတွင်းကာလမှာ လမ်းမချော်စေဖို့ လုပ်သင့်တာလေးတွေက 👇
💥 ရာသီဥတုအခြေအနေ စောင့်ကြည့်ပါ ။ မိုးတွင်းကာလမှာ မလိုအပ်တဲ့အခါ မမောင်းတာ အကောင်းဆုံးပါပဲ ။
💥 တာယာ၊ ဘရိတ် စတဲ့ ကားအစိတ်အပိုင်းများ ကောင်း၊ မကောင်း အမြဲစစ်ဆေးသွားပါ။
💥 လမ်းချောနေတဲ့အခါ အရှိန်တင်မောင်းခြင်း ရှောင်ကြဉ်ပါ။
💥 ရပ်ခါနီးတိုင်း ဘရိတ်ဖြေးဖြေးဆွဲပါ ။
💥 Cruise Control မသုံးပါနဲ့ ။
💥 အခြားယာဉ်များနှင့် ကပ်မောင်းခြင်း ရှောင်ကြဉ်ပါ ။
💥 ဖြည်းဖြည်းမှန်မှန်သာ မောင်းနှင်ပါ ။
💥 ရုတ်တရက် ကွေ့ခြင်း၊ ဘရိတ်အုပ်ခြင်း၊ အရှိန်တင်/လျှော့ခြင်းမျိုး လုံးဝမလုပ်ပါနဲ့ ။
💥 ခါးပတ်များ အမြဲပတ်ထားပါ ။
💥 အလွန်ဆိုးရွားသောရာသီဥတုများကြား အချက်ပြမီးများ မဖြစ်မနေ ဖွင့်မောင်းပါ ။
🔹🔹🔹🔹🔹
ဒီအချက်လေးတွေက မိုးတွင်းကာလမှာ လမ်းမချော်စေဖို့ သတိထားသင့်တာလေးတွေပဲ ဖြစ်ပါတယ်။ ဒီနှစ်မိုးရာသီဟာ အရင်နှစ်များထက် ပိုမိုသည်းထန်စွာ ရွာသွန်းနေတာကြောင့် လူကြီးမင်းတို့အနေနဲ့ ပိုမိုသတိထားမောင်းနှင်ကြပါလို့ စေတနာရှေ့ထား၊ သတိပေးတိုက်တွန်းလိုက်ရပါတယ် ။ မထွက်ခွာခင်တိုင်းမှာ ကားကျန်းမာရေး သေချာစစ်ဆေးဖို့လည်း မမေ့ကြပါနဲ့ခင်ဗျာ ။ 😊
မိဘပြည်သူများအားလုံး ယာဉ်အန္တရာယ်ကင်းဝေး၊ ဘေးရှင်းကြပါစေ ။ 🙏🙏
Myanmar Htoo San Co.,Ltd ( HOTLINE )
Yangon Head Office:
📞 Service – 09453510701 / 09453510702
📞 Sale – 09448005151 / 09448005353 / 09448005757
📞 Spare – 09453510664 / 09453510667
Mandalay Head Office:
📞 095112488 / 09765112488