တာယာကောင်း၊ မကောင်း စစ်ဆေးနည်း
🛞 တာယာကောင်း၊ မကောင်း စစ်ဆေးနည်း
သာမန်အားဖြင့်တော့ တာယာတစ်လုံးရဲ့ သက်တမ်းက ၃ – ၅ နှစ်အထိ အသုံးပြုနိုင်ပေမဲ့လည်း မောင်းနေကျလမ်း၊ ရာသီဥတုအနေအထား၊ တင်နေကျဝန်ပမာဏ၊ မောင်းနှင်ပုံ၊ တာယာအမျိုးအစား၊ ပန်းအမျိုးအစား၊ ကီလိုမီတာတို့အပေါ် မူတည်ပြီး အနည်းငယ်ကွဲပြားမှုတော့ ရှိနိုင်ပါတယ် ။
မကောင်းတော့တဲ့ တာယာတွေက ကားမောင်းနှင်တဲ့အခါ မငြိမ်စေခြင်း၊ ဘရိတ်အုပ်ရခက်စေခြင်း၊ ထိန်းလို့မလွယ်ခြင်း စတဲ့ဆိုးကျိုးတွေကို ဖြစ်ပေါ်စေတာကြောင့် တာယာကောင်း၊ မကောင်း ဘယ်လိုစစ်ဆေးမလဲ ဆိုတာ Forland ချစ်သူများအတွက် ဝေမျှပေးလိုက်ရပါတယ်ခင်ဗျာ ။ 😊
တာယာကောင်း၊ မကောင်း စစ်ဆေးနည်းတွေကတော့
💥 တာယာပန်း စစ်ဆေးနည်း
တာယာပန်းတွေက ကားမောင်းတဲ့အခါ ချော်မထွက်စေဘဲ စိတ်ရှိရာလားရာအတိုင်း မောင်းနှင်စေနိုင်ဖို့ အကူအညီပေးတာကြောင့် အနည်းဆုံး နှစ်ပတ် ၁ ခါတော့ တာယာပန်းတွေကို စစ်ဆေးကြည့်သင့်ပါတယ် ။ ကြိုက်နှစ်သက်ရာနည်းလမ်းနဲ့ တိုင်းတာနိုင်ပေမဲ့ တာယာပန်းတိုင်းတဲ့ tyre tread depth gauge နဲ့ တိုင်းတာခြင်းကတော့ အကောင်းဆုံးပါပဲ ။ တာယာပန်းအနက်က 1.6mm အောက်ရောက်နေပြီဆိုရင်တော့ အသစ်လဲသင့်ပါပြီ ။
💥 တာယာဖိအား စစ်ဆေးခြင်း
ကိုယ့်ကားနဲ့ တာယာအလိုက် သင့်တော်တဲ့ဖိအား ရှိ၊ မရှိကို ကိုယ်တိုင်တိုင်းလိုသူတွေအနေနဲ့ digital tyre gauge ကို ဝယ်ယူထားနိုင်ပါတယ် ။ အနည်းဆုံးတစ်လတစ်ခါလောက် စစ်ဆေးသင့်ပြီး ခရီးထွက်မယ်၊ ဝန်ပိုတင်ရမယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ တာယာဖိအား ရှိနေမှကို ဖြစ်မှာပါ ။
တကယ်လို့များ
💥 လူကြီးမင်းတို့ရဲ့ ကားတာယာတွေဆီက အသံတွေ ထွက်နေမယ်
💥 မောင်းနေရင်းနဲ့ ဘယ်၊ ညာတစ်ဘက်ဘက် ယိမ်းနေမယ်
💥 စတီယာတိုင်က တုန်ခါနေမယ်
ဆိုရင်တော့ service centre တစ်ခုခုမှာ စနစ်တကျ စစ်ဆေးသင့်ပါတယ် ။ အရေးကြီးအစိတ်အပိုင်းဖြစ်တာမို့ လိုအပ်ပါက မတွန့်မဆုတ် အသစ်လဲလှယ်သင့်ပါတယ် ။
လူကြီးမင်းတို့အနေနဲ့ တာယာကောင်း၊ မကောင်းသာမက ကားကျန်းမာရေးကို စနစ်တကျ အသေးစိတ်စစ်ဆေးချင်လို့ ယုံကြည်စိတ်ချရတဲ့ service centre ဖွေရှာနေတယ်ဆိုရင်တော့ Forland Motors မှ ကျွမ်းကျင်ပညာရှင်များက လူကြီးမင်းတို့ကားကျန်းမာရေး ဒေါင်ဒေါင်မြည်စေဖို့ အကောင်းဆုံးသော service များလည်း ဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ ။ 😊
Forland Motors ( HOTLINE )
Yangon Head Office:
☎️ Service – 09453510701 / 09453510702
☎️ Sale – 09448005151 / 09448005353 / 09448005757
☎️ Spare – 09453510664 / 09453510667
Mandalay Head Office:
☎️ 095112488 / 09765112488