ယာဉ်မောင်းတဲ့အခါ စည်းကမ်းတကျ ဘယ်လိုကျော်တက်ရမလဲ
🛞 ယာဉ်မောင်းတဲ့အခါ စည်းကမ်းတကျ ဘယ်လိုကျော်တက်ရမလဲ 🤔
လောကရဲ့ အထာတွေကြောင့် “ပျော်ချင်တိုင်းလည်း မပျော်ရပါ” ဆိုတဲ့ ဦးစိုင်းထီးဆိုင်သီချင်းလိုပေါ့ဗျာ။ ယာဉ်မောင်းတဲ့အခါမှာလည်း ကျော်ချင်တိုင်းကျော်လို့မရပါဘူး။ ယာဉ်မောင်းလောကရဲ့အထာတွေကို တိတိကျကျ လိုက်နာဖို့ လိုပါတယ်။ 🫡
ဒါကြောင့်လည်း ဒီနေ့မှာတော့ မြန်မာထူးစံကုမ္ပဏီမှ ချစ်ရသောမိဘပြည်သူများအတွက် ယာဉ်မောင်းတဲ့အခါ စည်းကမ်းတကျ ဘယ်လိုကျော်တက်ရမလဲဆိုတာကို ပြန်လည်သတိပေး၊ မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။ 😊
ယာဉ်မောင်းတဲ့အခါ စည်းကမ်းတကျ ဘယ်လိုကျော်တက်ရမလဲဆိုတော့ 👇
💁♂️ မိမိရှေ့ကယာဉ်ကို ကျော်တက်လိုလျှင်
🔹 နောက်မှလိုက်နေသောယာဉ်သည် မိမိယာဉ်ကို ကျော်တက်ရန် ပြင်ဆင်ခြင်းရှိမနေသည့်အခါ
🔹 မိမိကျော်တက်လိုသောယာဉ်သည် သူ၏ ရှေ့ယာဉ်ကို ကျော်တက်ရန် ပြင်ဆင်နေခြင်းမရှိသည့်အခါ
🔹 ကျော်တက်ရန်အတွက် မိမိအသုံးပြုမည့် ယာဉ်ကြောရှင်းနေသည့်အခါ
ဆိုတဲ့အချက် ၃ ချက်နှင့် ကိုက်ညီမှသာ ကျော်တက်ရပါမယ်။
.
💁♂️ မည်သည့်ယာဉ်မဆို မိမိရှေ့ကယာဉ်ကိုကျော်တက်ရာတွင် သာမန်အားဖြင့် ထိုယာဉ်၏လက်ဝဲဘက်မှသာ လိုအပ်သလို အချက်ပေးပြီး သင့်လျော်သောအကွာအဝေးမှ လွတ်ကင်းစွာကျော်တက်ရမယ်။
💁♂️ မိမိရှေ့ကသွားနေသာ ကားကြီးများကို ကျော်တက်လိုလျှင် ထိုကားကိုကပ်မလိုက်ပါနဲ့။ သူ့ရှေ့မှာ ရှိတဲ့လမ်းကိုပါ ကောင်းကောင်းမြင်နိုင်တဲ့အကွာအဝေးကလိုက်ပြီး လမ်းရှင်းမှသာ ကျော်တက်ရပါမယ်။
💁♂️ ကျော်တက်ပြီးတဲ့အခါ နောက်ကယာဉ်ကို အနှောင့်အယှက်မဖြစ်စေဘဲ မူလယာဉ်ကြောသို့ လွတ်ကင်းစွာ ပြန်ဝင်ရပါမယ်။
💁♂️ မိမိယာဉ်ကို အခြားယာဉ်က ကျော်တက်ပါက ထိုယာဉ်ကျော်တက်ပြီးသည်အထိ မိမိယာဉ်အမြန်နှုန်းကို မတိုးဘဲ လမ်းပေး၊ ကျော်တက်ခွင့် ပေးရပါမယ်။
.
❎ လုံးဝကျော်တက်ခွင့်မရှိတဲ့ အခြေအနေတွေကတော့ 🧏♂️
❎ ခြေကျင်လျှောက်သူများ ဖြတ်သန်းရန် ခွင့်ပြုထားသောနေရာ
❎ လမ်းဆုံ၊ လမ်းခွ၊ လမ်းထောင့်၊ လမ်းကွေ့များ
❎ ကုန်းတက်၊ ကုန်းထိပ်များ
❎ တံတားအဝင်ဝနဲ့ တံတားပေါ်
❎ လမ်းကျဉ်းအတွင်း၊ ဥမင်လိုဏ်ခေါင်းအတွင်း
❎ လမ်းလယ်တွင် မျဉ်းဖြူနှစ်ကြောင်းရှိ လမ်းတစ်လျှောက်
❎ တံခါးရှိနှင့် တံခါးမဲ့ရထားလမ်းနေရာ
❎ မြင်ကွင်းမကောင်းသဖြင့် ကျော်တက်ရန် စိတ်မချရသောနေရာ
❎ ကျော်တက်လျှင် ရှေ့ သို့မဟုတ် မျက်နှာချင်းဆိုင်မှ မောင်းနှင်နေရသည့်ယာဉ်များက ရှောင်တိမ်းပေးရခြင်း၊ အမြန်နှုန်းလျှော့ချပေးရခြင်းဖြင့် အနှောင့်အယှက်ဖြစ်စေတဲ့အခါ
တို့ပဲဖြစ်ပါတယ်။ စည်းမဲ့ကမ်းမဲ့ ကျော်တက်လိုက်ခြင်းက မိမိကိုယ်ကိုယ်ရော၊ တခြားသူတွေကိုပါ ဒုက္ခရောက်စေနိုင်တာကြောင့် အထက်ပါအချက်များကို စနစ်တကျလိုက်နာ၊ ကျော်တက်ကြပါလို့ မြန်မာထူးစံမှ စေတနာများစွာဖြင့် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
Myanmar Htoo San Co.,Ltd ( HOTLINE )
Yangon Head Office:
📞 Sale – 09448005151 / 09448005353 / 09448005757
📞 Spare – 09453510664 / 09453510667
📞 Service – 09453510701 / 09453510702
📞 License – 09453563433
Mandalay Head Office:
📞Sale 095112488 / 09765112488
09258669940 / 09258669920
09402609231 / 09402000165
📞Spare 09402615780 / 09770119838
📞Service 09442353768 / 09455541329
📞License 09402609231