ဆီ၊ ရေ၊ လေ၊ ဝိုင်စစ်ဆေးခြင်း မရှိပါက တွေ့ကြုံရနိုင်မည့် အချက်များ
🚨 ဆီ၊ ရေ၊ လေ၊ ဝိုင်စစ်ဆေးခြင်း မရှိပါက တွေ့ကြုံရနိုင်မည့် အချက်များ ❗️2 #စက်ဆီမှန်မှန်မစစ်မိတဲ့အခါ အင်ဂျင်အစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့ချောဆီပမာဏ လျော့နည်းလာတာကို ပြန်လည်ဖြည့်ဆည်း၊ လဲလှယ်ပေးနိုင်တော့မှာ မဟုတ်ပါဘူး။ အဲ့ဒီအခါ အစိတ်အပိုင်းအချင်းချင်း ပွတ်တိုက်မိခြင်း၊ အပူလွန်ကဲခြင်း၊ ကြေးတက်ခြင်း၊ အကြီးစားထိခိုက်မှုများဖြစ်ပေါ်နိုင်ခြင်း စတဲ့အကျိုးဆက်များ ဖြစ်ပေါ်လာပါလိမ့်မယ်။ #ရေမှန်မှန်မစစ်မိတဲ့အခါ အင်ဂျင်တစ်လျှောက်နား လည်ပတ်စီးဆင်းနေတဲ့ ရေတွေလျော့နည်းလာပြီး ကားကို သေချာအအေးပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် over-heat တက်လာနိုင်ပြီး အင်ဂျင်စွမ်းဆောင်ရည်ကို သိသိသာသာထိခိုက်စေပါလိမ့်မယ်။ #လေမှန်မှန်မစစ်မိတဲ့အခါ ကားအင်ဂျင်တွေ စွမ်းအင်ရဖို့အတွက် ဆီ (လောင်စာဆီ) နဲ့ လေတွေ ရောနှောသွားပြီး မီးလောင်ပေါက်ကွဲဖို့ လိုပါတယ်။ သေချာမစစ်ဆေးထားတဲ့ လေစနစ်ဟာ ချို့ယွင်းနေနိုင်ပြီး အောက်ဆီဂျင်နဲ့အတူ […]