Customer များ ဆောင်ထားသင့်သည့် ကားအပိုပစ္စည်းများ
Customer များ ဆောင်ထားသင့်သည့် ကားအပိုပစ္စည်းများ😉
ကျွန်တော်တို့ FORLAND MOTORS မှ customer များအနေနဲ့ လမ်းသွားနေရင်း တစ်ခုခုချို့ယွင်းပျက်စီးသွားတဲ့အခါ အဆင်မပြေဖြစ်ရတတ်ပါတယ်။
ဒါပေမဲ့လည်း အသေးစားပြင်ဆင်မှုများကိုတော့ ကိုယ်တိုင်ပြုပြင်နိုင်တာမို့ အထောက်အပံ့ပေးမဲ့ အပိုပစ္စည်းလေးတွေဆောင်ထားသင့်ပါတယ်ခင်ဗျာ။
အဲ့ဒါတွေကတော့ 🔰
◽️ဂွင်း၊ ဂွ၊ ဂျွိုင့်၊ ဘီးချွတ် စပန်နာ
ကားအစိတ်အပိုင်းတစ်ခုခုရဲ့ လုပ်ဆောင်ချက် ချို့ယွင်းသွားတဲ့အခါ များသောအားဖြင့် အသေးစားပြင်ဆင်မှုများကိုတော့ မိမိကိုယ်တိုင် ပြုပြင်လုပ်ဆောင်နိုင်တယ်။
အဲ့လိုလုပ်ဆောင်ဖို့အတွက် ကူညီပေးမဲ့ ကိရိယာတွေကို ဆောင်ထားတာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။
◽️တာယာ
ကားတွေရဲ့ ခြေထောက်ဖြစ်တဲ့ ကားတာယာတွေကတော့ တစ်ခုခုဖြစ်သွားလို့ ကောင်းတာမရှိပါဘူး။
တာယာအပိုဆောင်ထားခြင်းက မိမိဘာသာ လွယ်လင့်တကူ ဖြုတ်၊တပ်၊လဲပြီး လိုရာခရီးကို ဆက်ရုံပါပဲ။
◽️ဖစ်တာ ၃ မျိုး ( အင်းလက်လေစစ် ၊ အင်ဂျင်ဝိုင်ဖစ်တာ ၊ ဒီဇယ်ဖစ်တာ )
ဖစ်တာတွေကတော့ ဖုန်တွေ၊ ဆီတွေရဲ့ အနယ်တွေ၊ အညစ်အကြေးတွေကို ဖယ်ထုတ်သန့်စင်ပေးတဲ့တာဝန်ကို ယူပေးထားကြတာပါ။
မသန့်စင်တော့တဲ့ ဖစ်တာတွေကြောင့် အစိတ်အပိုင်းတွေကောင်းကောင်း မလုပ်နိုင်တဲ့အခါ လိုရာခရီးကို နှောင့်နှေးစေမှာ အမှန်ပါပဲ။
လိုတဲ့အချိန် လဲလှယ်ဖို့ အဆင်သင့်ဆောင်ထားတာ အကောင်းဆုံးပါပဲ။
◽️အသုံးပြုဆီ ( အင်ဂျင်ဝိုင် ၊ဂီယာဝိုင်၊ က ရောင်း ဝိုင် ၊ အမဲဆီ )
ကားတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ ဆီတွေကတော့ ဆောင်ကို ဆောင်ထားသင့်တဲ့အရာတွေပဲ ဖြစ်ပါတယ်။
workshop တွေ၊ ဆီဆိုင်တွေနဲ့ ဝေးကွာတဲ့အနေအထားမှာ မိမိဆောင်ထားတဲ့ဆီကသာ ကောက်ရိုးတစ်မျှင်ဖြစ်စေမှာမို့ ဆောင်ထားကြဖို့ မမေ့ပါနဲ့နော်။
သွားနေရင်းနဲ့မှ ရုတ်တရက်ပြဿနာတွေ ဖြစ်မလာစေဖို့ မမောင်းနှင်ခင်ကတည်းက မိမိတို့ ကားကျန်းမာရေးအခြေအနေကို ဦးစွာစစ်ဆေးထားတာတော့ အကောင်းဆုံးပါပဲ။😄
မစစ်မိခဲ့ရင်လည်း ဖြစ်လာတဲ့ အသေးစားလေးတွေကိုတော့ ကိုယ်တိုင်ပြုပြင်နိုင်ဖို့ အထက်ပါ အပိုပစ္စည်းလေးတွေကိုတော့ ကြိုတင်ဆောင်ထားဖို့ အကြံပေးလိုပါတယ်။
လူကြီးမင်းတို့အားလုံး ယာဉ်အန္တရာယ်ကင်းဝေး ဘေးရှင်းကြပါစေ။🙏🙏
Forland Motors ရဲ့ မိတ်ဟောင်းမိတ်သစ် Customer ကြီးများလည်း ယခုဖြစ်ပေါ်နေသောရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏🙏🙏
Forland Motors
Spare Hotline : 09453510661 / 09453510664 / 09453510667