ကားစက်နှိုးမရတဲ့အခါ
◾️ကားစက်နှိုးမရတဲ့အခါ
ရုတ်တရက်ကြီး ကားစက်နှိုးမရတဲ့အခါ ဝါရင့်ကားသမားတွေအတွက်တော့ ဘာမှမဟုတ်ပေမဲ့ အခုမှစမောင်းသူတွေ၊ လူငယ်တွေပထမဆုံးကြုံရတဲ့အခါ လန့်သွားတတ်ကြပါတယ်။
“ဘာဖြစ်သွားလဲမသိဘူး” ဆိုတဲ့အတွေးနဲ့အတူ ကားဝပ်ရှော့ကဆရာသမားတွေကို မျှော်နေရတာက ပျော်စရာတော့မကောင်းလှပါဘူး။
ဒါကြောင့် Forland Motors ရဲ့ Customer လူကြီးမင်းတို့အတွက် ဘာကြောင့်ကားစက်နှိုးမရလဲဆိုတဲ့အကြောင်းလေးတွေ ဗဟုသုတအလို့ငှာ ဝေမျှလိုက်ပါတယ်ဗျ။🤗
▪️ဘတ္ထရီပြဿနာ
ဘတ္ထရီသေသွားခြင်း(ဘတ္ထရီအားမရှိတော့ခြင်း)ကတော့ ကားစက်နှိုးမရခြင်းရဲ့ အဖြစ်များဆုံးနဲ့ အကြားရဆုံးပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။
ဘတ္ထရီအားကုန်နေမယ်ဆိုရင်တော့ မော်တာကိုနှိုးလို့ရတော့မှာမဟုတ်ပါဘူး။
ဒိုင်နမိုချာဂျင်မကောင်းလို့ ဘတ္ထရီအဝင်နည်းရင်လည်း ဘတ္ထရီမှာ အားရှိမှာမဟုတ်ပါဘူး။
ဘတ္ထရီငုတ်တိုင်နှင့် ဘတ္ထရီခေါင်းက ချောင်မနေဘဲ သေချာစွာချိတ်ဆက်မိနေဖို့လည်း လိုအပ်ပါတယ်။
ဘတ္ထရီရှိမရှိကိုတော့ Tester နဲ့တိုင်းတာနိုင်သလို ကားမီးကြီးအလင်းရောင်ကောင်း၊မကောင်း၊ ဟွန်းသံကျယ်၊မကျယ်၊ ဝိုက်ပါအလုပ်ကောင်းကောင်းလုပ်၊မလုပ် နဲ့လည်း တိုင်းတာစစ်ဆေးနိင်ပါတယ်။
▪️စက်နှိုးမော်တာမကောင်းခြင်း
စက်နှိုးမော်တာလည်ပတ်မှသာ အင်ဂျင်ကိုနှိုးပေးနိုင်မှာဖြစ်ပါတယ်။
ဆိုလီနွိုက်မကောင်းခြင်း၊ မော်တာလောင်ခြင်းတို့ကြောင့် စက်နှိုးမော်တာပျက်စီးနေရင်တော့ အင်ဂျင်နိုးမှာမဟုတ်သလို အသစ်လဲပေးဖို့လည်း လိုပါလိမ့်မယ်။
▪️Timing belt မကောင်းခြင်း
ပျက်စီးချို့ယွင်းနေတဲ့ timing belt တွေက ကားအင်ဂျင်တွေကို စက်ပြင်ဆရာနဲ့ အစားထိုးရလောက်တဲ့အထိ ဒုက္ခအကြီးကြီးပေးနိုင်ပါတယ်။
Timing belt က အင်ဂျင်တစ်လုံးမှာ အရေးကြီးဆုံးအစိတ်အပိုင်းထဲမှာ ပါဝင်တာကြောင့် Timing belt မကောင်းတော့ရင်လည်း စက်နှိုးလို့ရမှာမဟုတ်ပါဘူး။
▪️ဆီပန့်(Fuel pump)မကောင်းခြင်း
ဆီတိုင်ကီထဲက ဆီပန့်ပျက်စီးနေရင်လည်း ကားစက်နှိုးလို့ရမှာ မဟုတ်ပါဘူး။
ဆီပန့်ပျက်စီးခြင်း၊ ဖိအားနည်းနေခြင်း၊ ဆီပန့်ပိတ်နေခြင်းတို့ကြောင့် စက်နှိုးရမှာမဟုတ်သလို ကျွမ်းကျင်စက်ဆရာတွေသာ ကိုယ်တွယ်၊လဲလှယ်သင့်ပါတယ်။
▪️ဆင်ဆာ(Sensor)တွေမကောင်းတော့ခြင်း
မော်ဒယ်မြင့်ကားတွေမှာ အင်ဂျင်အတွက် ဆင်ဆာပေါင်းများစွာပါဝင်လာပါတယ်။
Crankshaft Position Sensor၊ Camshaft Position Sensor၊ Fuel Pressure Sensor တို့မှာ ပြဿနာတွေရှိတဲ့အခါ စက်နှိုးလို့မရသလို ဆင်ဆာဝါယာရိန်းတွေပျက်စီးသွားတာ၊ ဆင်ဆာတွေအလုပ်မလုပ်နိုင်တော့တာတွေကလည်း စက်နှိုးမရတဲ့ပြဿနာတွေဖြစ်လာပါတယ်။
▪️Ignition system ပြဿနာ
သော့လှည့်လိုက်လို့ ဘာတုံ့ပြန်မှုမလာတဲ့အခါ ignition switch မှာ ပြဿနာရှိနေတာဖြစ်နိုင်ပါတယ်။
Sparkပလပ်တွေဟာလည်း အချိန်ကြာလာတာနဲ့အမျှ ငုတ်တိုခြင်း၊ ကာဗွန်ဂျိုးတွေကပ်လာခြင်း၊ မီးကျွမ်းခြင်း၊ မီးစားခြင်း တို့ဖြစ်လာပြီး မီးကူးအားကျလာနိုင်တာကြောင့် စက်နှိုးရခက်ခဲလာနိုင်ပါတယ်။
ဒါကြောင့် အချိန်မှန်စစ်ဆေးပေး၊ လဲပေးဖို့လိုအပ်ပါတယ်။
အပေါ်ကအချက်တွေကတော့ ကားစက်နှိုးမရတဲ့အခါ ဖြစ်တတ်တဲ့အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။
ရုတ်တရက်ကြုံတွေ့ရတဲ့အခါ ထိတ်လန့်မသွားစေဖို့ မမောင်းနှင်ခင်ကတည်းက ကားကျန်းမာရေးကို အမြဲစစ်ဆေးသင့်သလို လိုအပ်တဲ့အစိတ်အပိုင်းတွေကိုလည်း လဲလှယ်၊တပ်ဆင်ပေးမှသာ ခရီးလမ်းကို ဖြောင့်တန်းစွာသွားနိုင်မှာပဲဖြစ်ပါတယ်။😊
Forland Motors ရဲ့ မိတ်ဟောင်းမိတ်သစ် Customer ကြီးများလည်း ယခုဖြစ်ပေါ်နေသောရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏
Forland Motors
( HOTLINE )
Yangon Head Office:
Sale – 09448005151 / 09448005353 / 09448005757
Spare – 09453510664 / 09453510667
Service – 09453510701 / 09453510702
Mandalay Head Office:
095112488 / 09765112488