ကားပါကင်ထိုးတဲ့အခါ သတိထားစရာများ
🚨 ကားပါကင်ထိုးတဲ့အခါ သတိထားစရာများ 🚨
လက်ရှိကာလမှာ အချက်ပြမီးပွိုင့်များ အချိန်တိုင်းအလုပ်မလုပ်ခြင်းအပြင် ကားလမ်းမပေါ်မှာ စည်းမဲ့ကမ်းမဲ့ ယာဉ်နှစ်ထပ်ရပ်ပါကင်ထိုးကြတာကြောင့် နေရာတိုင်းလိုလိုမှာ ယာဉ်ကြောကျပ်တည်းမှုများ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
ဒါကြောင့် မြန်မာထူးစံအနေနဲ့ ယာဉ်ကြောကျပ်တည်းမှုရော ယာဉ်မောင်းဆရာတို့ရဲ့ စိတ်ဖိစီးမှုများပါ လျော့နည်းသက်သာသွားစေဖို့ ကားပါကင်ထိုးတဲ့အခါ သတိထားသင့်တဲ့အချက်ကလေးများကို ပြန်လည်သတိပေး၊ ဝေမျှပေးလိုက်ရပါတယ်ခင်ဗျာ ။ 😊
🅿️ ကားပါကင်ထိုးတဲ့အခါ ဒါတွေသတိထားပါ ။
🔹 လမ်းပေါ် ယာဉ်ကိုရပ်လိုလျှင် ယာဉ်၏ဘီးနှင့် ကပ်တုံး၏ အကွာအဝေးသည် ၁ ပေထက်မကျော်ရ၊ ကပ်တုံးသို့ ဦးဆိုက်၍ မရပ်ရ ။
🔹 နှစ်လမ်းမောင်း လမ်းများတွင် လမ်း၏ လက်ယာဘက် ၊ တစ်လမ်းမောင်းလမ်းတွင် လမ်း၏လက်ဝဲဘက်တွင် ကပ်ရပ်ရပါမည်၊
🔹 ခွင့်ပြုထားသည့် နေရာနှင့် ရပ်နားရန် သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ရပ်နားရမည်၊ အခြားယာဉ်များ သွားလာမှု မပိတ်ဆို့စေရ၊
🔹 ကုန်းတက်ကုန်းဆင်းများတွင် ရပ်လျှင် ဘီးမလိမ့်စေရန် သတိပြုပါ၊
🔹 ဘေးမှန် ၊ နောက်ကြည့်မှန် ၊ ပါကင်ဆင်ဆာများအား အသုံးပြု၍ သေချာဂရုတစိုက် ပါကင်ထိုးပါ။
🔹 ညအချိန်ရပ်လျှင် လိုအပ်ပါက ဘေးမီးငယ်ကို ဖွင့်ထားပါ၊
🚫 လမ်းဆုံ၊ လမ်းခွ၊ လမ်းကွေ့၊ လမ်းထောင့်၊ တောင်ကုန်းများ ၊ မီးသတ်/ ဆေးရုံ/ ကျောင်းပေါက်ဝများနှင့် အခြားယာဉ်ရပ်ခွင့်မရှိသောနေရာများတွင် ပါကင်လုံးဝမထိုးပါနဲ့ 🚫
အထက်ပါအချက်တွေကတော့ ပါကင်ထိုးတဲ့အခါ သတိထားစရာလေးများပဲ ဖြစ်ပါတယ် ။ သေချာလိုက်နာရပ်နားမယ်ဆိုရင်တော့ ယာဉ်ကြောကျပ်တည်းမှုများလည်း ပြေလျော့လာမှာ ဖြစ်သလို ထိခိုက်မှုများလည်း ပိုမိုကင်းဝေးလာမှာဖြစ်တဲ့အတွက် အသေအချာလေး လိုက်နာပေးဖို့ မမမေ့ကြပါနဲ့ဗျို့ ။ 🤗
Myanmar Htoo San Co.,Ltd ( HOTLINE )
Yangon Head Office:
📞 Sale – 09448005151 / 09448005353 / 09448005757
📞 Spare – 09453510664 / 09453510667
📞 Service – 09453510701 / 09453510702
Mandalay Head Office:
📞 095112488 / 09765112488