ကားမမောင်းခင် ဒါတွေစစ်ပါ
🛞 ကားမမောင်းခင် ဒါတွေစစ်ပါ ❕
ရာသီဥတုကတော့ မိုးတွင်းကာလထဲကို လုံးလုံးကြီး ဝင်ရောက်နေပြီပဲ ဖြစ်ပါတယ် ။ လက်ရှိကာလမှာလည်း မြန်မာနိုင်ငံတွင်း မိုးကြီးလေကြီးများ သည်းထန်စွာ ရွာသွန်းနေတာကြောင့် ကားမောင်းသူများအနေနဲ့ တတ်နိုင်သမျှ ဂရုတစိုက်မောင်းနှင်သင့်ပါတယ် ။ ဒါ့အပြင် ကားမမောင်းခင် စစ်ဆေးသွားသင့်တဲ့အချက်များကိုလည်း မြန်မာထူးစံမှ စေတနာရှေ့ထား၊ ဝေမျှပေးလိုက်ရပါတယ်ခင်ဗျာ ။ 😊
ဘယ်လိုကားပဲဖြစ်ဖြစ် ကားမမောင်းခင်မှာတော့ မဖြစ်မနေ စစ်ဆေးသွားသင့်တဲ့အချက်တွေကတော့
🔹 တာယာအထူအပါး၊ ဖိအားမှန်မမှန်၊ ကောင်းစွာအလုပ် လုပ်၊ မလုပ် စစ်ဆေးသွားသင့်ပါတယ် ။ တာယာပြားနေတယ်မျိုး၊ လေလျော့နေတာမျိုးဆိုရင်တော့ မမောင်းနှင်သင့်ပါဘူး ။
🔹 အင်ဂျင်ဝိုင်၊ ကရောင်းဝိုင်၊ လောင်စာ ( ဓာတ်ဆီ၊ ဒီဇယ်၊ ဓာတ်ငွေ့ )၊ ကူးလန့်များ စသည့် အရည်မှန်သမျှလည်း စစ်ဆေးသွားသင့်ပါတယ် ။ အထူးသဖြင့် ခရီးရှည်သွားသည့်အခါ လိုအပ်ပါက လဲလှယ်၊ အပြည့်ဖြည့်ထားသင့်ပါတယ် ။
🔹 အချက်ပြရုံသာမက အလင်းရောင်အားနည်းချိန်တွေ၊ ရာသီဥတုဆိုးရွားချိန်တွေ၊ အရေးပေါ်အချိန်တွေမှာပါ အသုံးပြုနိုင်ဖို့ အချက်ပြမီးများကိုလည်း စစ်ဆေး၊ ပြုပြင်သွားသင့်ပါတယ် ။
🔹 ဘရိတ်၊ ကလပ်၊ ဂီယာ၊ လီဗာ၊ ဘတ္ထရီ စသည့်အစိတ်အပိုင်းတို့ကတော့ မမောင်းခင်တိုင်းမှာ မဖြစ်မနေ စစ်ဆေးပေးဖို့ကို လိုအပ်လှပါတယ် ။
🔹 အင်ဂျင်၊ ဒိုင်နမို၊ ရေတိုင်ကီ စသည့်အတွင်းအစိတ်အပိုင်းတို့ကိုတော့ မမောင်းခင်တိုင်း မဟုတ်ရင်တောင် အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် အချိန်မှန်မှန် စစ်ဆေးထားသင့်ပါတယ် ။
ဒီအချက်တွေကတော့ အန္တရာယ်ကင်းကင်းနဲ့ လိုရာခရီး ရောက်စေဖို့ ကားမမောင်းခင်တိုင်းမှာ စစ်ဆေးသင့်တဲ့ အချက်များပဲ ဖြစ်ပါတယ် ။ မိုးတွင်းကာလမှ မဟုတ်ဘဲ ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ယာဉ်မောင်းနှင်တိုင်းမှာ သတိပြု၊ မောင်းနှင်သင့်သလို ယာဉ်မမောင်းခင်တိုင်းမှာလည်း ဂရုတစိုက် စစ်ဆေးပေးဖို့တော့ မြန်မာထူးစံမှ အကြံပြုလိုက်ရပါတယ် ။ 😊
မိဘပြည်သူများအားလုံး ယာဉ်အန္တရာယ်ကင်းဝေး၊ ဘေးရှင်းကြပါစေခင်ဗျာ ။
Myanmar Htoo San Co.,Ltd ( HOTLINE )
Yangon Head Office:
📞 Sale – 09448005151 / 09448005353 / 09448005757
– 09453500064 / 09453500065
📞 Spare – 09453510664 / 09453510667
📞 Service – 09453510701 / 09453510702
Mandalay Head Office:
📞 095112488 / 09765112488