ဆီ၊ ရေ၊ လေ၊ ဝိုင်စစ်ဆေးခြင်း မရှိပါက တွေ့ကြုံရနိုင်မည့် အချက်များ
🚨 ဆီ၊ ရေ၊ လေ၊ ဝိုင်စစ်ဆေးခြင်း မရှိပါက တွေ့ကြုံရနိုင်မည့် အချက်များ ❗️2
#စက်ဆီမှန်မှန်မစစ်မိတဲ့အခါ
အင်ဂျင်အစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့ချောဆီပမာဏ လျော့နည်းလာတာကို ပြန်လည်ဖြည့်ဆည်း၊ လဲလှယ်ပေးနိုင်တော့မှာ မဟုတ်ပါဘူး။ အဲ့ဒီအခါ အစိတ်အပိုင်းအချင်းချင်း ပွတ်တိုက်မိခြင်း၊ အပူလွန်ကဲခြင်း၊ ကြေးတက်ခြင်း၊ အကြီးစားထိခိုက်မှုများဖြစ်ပေါ်နိုင်ခြင်း စတဲ့အကျိုးဆက်များ ဖြစ်ပေါ်လာပါလိမ့်မယ်။
#ရေမှန်မှန်မစစ်မိတဲ့အခါ
အင်ဂျင်တစ်လျှောက်နား လည်ပတ်စီးဆင်းနေတဲ့ ရေတွေလျော့နည်းလာပြီး ကားကို သေချာအအေးပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် over-heat တက်လာနိုင်ပြီး အင်ဂျင်စွမ်းဆောင်ရည်ကို သိသိသာသာထိခိုက်စေပါလိမ့်မယ်။
#လေမှန်မှန်မစစ်မိတဲ့အခါ
ကားအင်ဂျင်တွေ စွမ်းအင်ရဖို့အတွက် ဆီ (လောင်စာဆီ) နဲ့ လေတွေ ရောနှောသွားပြီး မီးလောင်ပေါက်ကွဲဖို့ လိုပါတယ်။ သေချာမစစ်ဆေးထားတဲ့ လေစနစ်ဟာ ချို့ယွင်းနေနိုင်ပြီး အောက်ဆီဂျင်နဲ့အတူ ရောပါလာတဲ့ ဖုန်၊ သဲနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ရလဒ်အနေနဲ့ အင်ဂျင်စွမ်းဆောင်ရည်ကျဆင်းစေနိုင်သလို ပျက်စီးဆုံးရှုံးမှုအကြီးစားတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။
ဒီအချက်တွေကတော့ ဆီ၊ ရေ၊ လေ၊ ဝိုင်စစ်ဆေးခြင်း မရှိပါက တွေ့ကြုံရနိုင်မည့် အချက်များဖြစ်ပြီး လူကြီးမင်းတို့ကားများကြံ့ခိုင် ရေးအတွက် မပေါ့ဆမိစေဖို့ မြန်မာထူးစံမှ စေတနာများဖြင့် တိုက်တွန်း၊ အသိပေးရခြင်း ဖြစ်ပါတယ်။
လူကြီးမင်းတို့အနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းသုံးကားများအတွက် ဆီ၊ ရေ၊ လေ၊ ဝိုင်စစ်ဆေးလိုတာပဲဖြစ်ဖြစ်၊ လဲလှယ်၊ ဖြည့်တင်းလိုတာပဲဖြစ်ဖြစ် ကား ကြံ့ခိုင် ရေးကို ဂရုစိုက်၊ စစ်ဆေးလိုတယ်ဆိုရင်တော့ မြန်မာထူးစံကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်များ၊ original အပိုပစ္စည်းများဖြင့် အစဉ်အမြဲအသင့်ရှိနေပါတယ်ခင်ဗျာ။ 😊
Myanmar Htoo San( HOTLINE )
Yangon Head Office:
Service – 09453510701 / 09453510702
Mandalay Head Office:
Service 09442353768 / 09455541329