ကားနံပါတ်ပြားဖောင်းကြွ အသစ်လဲရန် မြန်မာထူးစံမှ အသိပေးချက်
📣 ကားနံပါတ်ပြားဖောင်းကြွ အသစ်လဲရန် မြန်မာထူးစံမှ အသိပေးချက် 🔔
မြန်မာထူးစံရဲ့ ချစ်ရတဲ့ လုပ်ငန်းရှင်မိတ်ဟောင်းမိတ်သစ်ကြီးများခင်ဗျာ ..😊
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(က.ည.န)မှ သက်ဆိုင်ရာကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများနှင့် ဆက်သွယ်၍ မော်တော်ယာဉ်များအားလုံးမှာ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်ကို ပြောင်းလဲတပ်ဆင်ရန် ညွှန်ကြားထားပါတယ်။
ပုံစံအသစ်မှာ မြို့နယ်ကိုယ်စားပြုဂဏန်းဖော်ပြချက်နဲ့ မော်တော်ယာဉ်အမျိုးအမည်ဖော်ပြချက်တို့ ပါဝင်လာမှာဖြစ်ပြီး ၃၁.၃.၂၀၂၃ ရက်နေ့အပြီး ပြောင်းလဲတပ်ဆင်ရမှာဖြစ်ပါတယ်။
လူကြီးမင်းတို့အနေနဲ့ မေ့လျော့မသွားစေဖို့ မြန်မာထူးစံမှ ချစ်ခြင်းများစွာဖြင့် နှိုးဆော်ပေးရခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဖောင်းကြွနံပါတ်ပြားအသစ် လဲလှယ်ဖို့အတွက် သိထားသင့်တဲ့လိုအပ်ချက်များကိုလည်း မြန်မာထူးစံမှ ဖော်ပြပေးလိုက်ရပါတယ်။
🔰ဖောင်းကြွနံပါတ်ပြားအသစ် လဲလှယ်ဖို့ လိုအပ်ချက်များကတော့ 👇
• ဝှီးတက်မိတ္တူ
• Owner Book မူရင်း
• အမည်ပေါက်မှတ်ပုံတင်မူရင်း နှင့်
သန်းခေါင်စာရင်းမိတ္တူ
• နံပါတ်ပြားအဟောင်းနှစ်ချပ် တို့ဖြစ်ပြီး
• ရန်ကုန်လိုင်စင်(၁ )ပတ်ခန့် ကြာမြင့်ပြီး
ပဲခူးလိုင်စင်(၂) ပတ် ခန့် ကြာမြင့်နိုင်ပါတယ်ခင်ဗျာ။
ကိုယ်တိုင်ဆောင်ရွက်ဖို့အတွက် အခက်အခဲရှိနေတယ်ဆိုရင်တော့ မြန်မာထူးစံကိုသာ အခုပဲဆက်သွယ်လိုက်ပါ။ မြန်ဆန်၊ တိကျ၊ စိတ်ချရတဲ့ ဝန်ဆောင်မှုများ စနစ်တကျ ဆောင်ရွက်ပေးနေပါတယ်။ 😊
အသေးစိတ်စုံစမ်းလိုသူများအတွက် 👇
Myanmar Htoo San ( HOTLINE )
Yangon Head Office:
License – 09453563433 / 09453563434
Mandalay Head Office:
License – 09402609231