မြန်မာထူးစံရဲ့ လုပ်ငန်းသုံးကားအစိတ်အပိုင်းများနှင့် ပက်သက်၍ အာမခံနှင့် အကျုံးဝင်ပုံများ
◼️ မြန်မာထူးစံရဲ့ လုပ်ငန်းသုံးကားအစိတ်အပိုင်းများနှင့် ပက်သက်၍ အာမခံနှင့် အကျုံးဝင်ပုံများ
လုပ်ငန်းသုံးကားများ လိုအပ်လာတိုင်းမှာ မြန်မာထူးစံကမှ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးကြတဲ့ ချစ်ရတဲ့ customer မိတ်ဆွေလုပ်ငန်းရှင်ကြီးများအတွက် မြန်မာထူးစံရဲ့ လုပ်ငန်းသုံးကားအစိတ်အပိုင်းများနှင့် ပက်သက်၍ အာမခံနှင့် အကျုံးဝင်ပုံများကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။
✅ သည် အာမခံနှင့် အကျုံးဝင်ပုံကို ဖော်ပြခြင်းဖြစ်ပါတယ်။
❎ သည် အာမခံနှင့် အကျုံးမဝင်ပုံကို ဖော်ပြခြင်းဖြစ်ပါတယ်။
၁. ပင်နယံမျိုးစုံ
✅ထုတ်လုပ်မှုအရည်အသွေးကြောင့် အက်ရာ၊ ကွဲရာများ ပါရှိခြင်း
❎ဆီပြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုများ (သတ်မှတ်ဆီ)
၂. အင်ဂျင်ဝိုင်ပန့်
✅ပန့်ဒလက်ကျိုးခြင်း၊ ကာဘာကွဲခြင်း
❎အင်ဂျင်ပါဝါအားနည်းခြင်း၊ ဆီမသန့်ခြင်းကြောင့် ဖြစ်ပေါ်လာသောပျက်စီးမှုများ
၃. ရိန်း
✅ပုံမှန်သုံးစွဲပုံထက် ပိုပြီး အစားမြန်ခြင်း၊ ရိန်းကန်အားနည်းခြင်း
❎အခြားသောကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်း၊ ရိန်းကျိုးခြင်း၊ ဆီယိုခြင်း
၄. ရေတိုင်ကီ
✅အရည်အသွေးကြောင့် ဖြစ်ပေါ်လာသော အက်ကွဲခြင်း၊ ရေယိုခြင်း
❎တိုက်မိခြင်း၊ ရိုက်မိခြင်း၊ ရေလည်ပန်ကာကျိုး၍ ဖြစ်ပေါ်လာသော ပျက်စီးမှု
၅. ကလပ်ဖင်းကားအုံ
✅ကလပ်ဖင်းကားအုံအနာပါခြင်း၊ ပုံပြောင်းသွားခြင်း၊ မျက်နှာပြင်အစားမြန်ခြင်း
❎နည်းစနစ်မှန်စွာ မသုံးစွဲမှုကြောင့် ကလပ်ပြားချော်ခြင်း၊ လောင်ခြင်း၊ ဖင်းကားစပရိန်အားနည်းခြင်း၊ တပ်ဆင်ရာ၍ အထိုင်မကျခြင်း
၆. ကလပ်အပေါ်စုံ၊ အောက်စုံ
✅အရည်အသွေးကြောင့် ဖြစ်ပေါ်လာသော အက်ကွဲခြင်း၊ ဆီယိုခြင်း
❎ပြင်ပပစ္စည်းအလွယ်တကူဝယ်ယူသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသောပျက်စီးမှု၊ ဆီမသန့်ခြင်း
၇. စပယ်ဖူးလင်ဗန်းပင်နယံ
✅ထုတ်လုပ်ရာ၌ အထိုင်မကျဘဲ ဆူညံသံထွက်ခြင်း၊ သတ်မှတ်ချိန်အတွင်း ပင်နယံအစွယ်ပဲ့ခြင်း
❎ဆီပြတ်ခြင်း၊ ဆီမသန့်ခြင်းကြောင့် ပျက်စီးခြင်း၊ ကုန်ပိုတင်ခြင်း၊ ပင်နယံအစွယ်ပဲ့ခြင်း
၈. ဟိုက်ဒြောလစ်ပြောင်း
✅အဝိုင်းစီးဆီယိုခြင်း၊ ဟိုက်ဒြောလစ်ပြောင်းအစားမြန်ခြင်းကြောင့် ဖြစ်ပေါ်လာသော အတင်အချခက်ခဲခြင်း
❎မြေပြင်ညီတွင် ဟိုက်ဒြောလစ်အတင်အချလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဟိုက်ဒြောလစ်ပြောင်း ပုံပြောင်းခြင်း
❎ကုန်ပိုတင်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှု
၉. ကက်ဆက်
✅အသံမထွက်ခြင်း၊ ပါဝါဖြူးပျက်ခြင်း
❎မိမိသဘောဖြင့် ပြုပြင်ခြင်း၊ လောင်ခြင်း
၁၀. ဒိုင်နမို
✅ကာဗွန်ခဲကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုများ၊ ဘောဆီငတ်ခြင်း
❎မိမိသဘောဖြင့် ဖြူးအစ်ပီကာမကိုက်ညီသော ပစ္စည်းထည့်သုံးခြင်း၊ ကြိုးမှားတပ်ဆင်ခြင်း၊ ရေဝင်ခြင်း
ဒီအချက်တွေဟာဆိုရင်တော့ လုပ်ငန်းသုံးကားအစိတ်အပိုင်းများနှင့် ပက်သက်ပြီး အာမခံ ဘယ်လိုအကျုံးဝင်လဲဆိုတာကို ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ အသေးစိတ်ပိုမိုသိရှိလိုတယ်ဆိုရင်တော့ အောက်ပါဖုန်းနံပါတ်များကို ရုံးချိန်အတွင်း စိတ်ကြိုက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
Myanmar Htoo San Co.,Ltd ( HOTLINE )
Yangon Head Office:
📞 Service – 09453510701 / 09453510702
Mandalay Head Office:
📞Service 09442353768 / 09455541329